Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»Burma Advocacy Group နှင့် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်တို့ စစ်ဘေးရှောင်အရေးဆွေးနွေး

Burma Advocacy Group နှင့် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်တို့ စစ်ဘေးရှောင်အရေးဆွေးနွေး

0
By Editor on February 15, 2024 Headline

(005MK)

အမေရိကန်အခြေစိုက် Burma Advocacy Group နှင့် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာတို့သည် မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များအရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Burma Advocacy Group အဖွဲ့မှ တာ၀န်ရှိသူများသည် ယမန်နေ့ဖေဖော်၀ါရီလ ၁၄ ရက်နေ့က မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်ကို သူ၏ရုံးခန်းတွင် သွားရောက်တွေ့ဆုံကာ မြန်မာစစ်ဘေးရှောင်များအား နွေးထွေးစွာကြည့်ရှုစောင့် ရှောက်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

မီဇိုရမ်၀န်ကြီးချုပ်ကလည်း မကြာသေးခင်ရက်ပိုင်းက နယူးဒေလီတွင် အိန္ဒိယပြည်ထဲရေး၀◌န်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာစစ်ဘေးရှောင်များ ထောက်ပံ့ကူညီရေးပိုင်းမှာ လိုအပ်သလိုကူညီပေးမည်ဟုပြောဆိုကြောင်း၊ မီဇိုရမ်အစိုးရအနေဖြင့်လည်း စစ်ဘေးရှောင်များကို တတ်နိုင်သည့်ဘက်မှ ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း Burma Advocacy Group တာ၀န်ရှိသူများထံ ပြောကြားခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့်ဖြစ်စေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများမှ မြန်မာစစ်ဘေးရှောင်များအား နွေးထွေစွာလက်ခံကြိုဆိုကာ ကူညီစောင့်ရှောက်ပေးသည့်အပေါ်မှာ Burma Advocacy Group အနေဖြင့် များစွာကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီး မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးမှာ မီဇိုရမ်အစိုးရနှင့် အတူ လက်တွဲဆောင်ရွက်လိုကြောင်း အဖွဲ့ခေါင်းဆောင် Rev. Dr. Roy Medley ကပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

Burma Advocacy Group ကို လူသားချင်းစာနာထောက်ထားမှုအပါအ၀င် အခြားသော မြန်မာ့အရေးအရာ ကိစ္စများနှင့် ပတ်သက်၍ စည်းရုံးလှုံ့ဆော်ရန် American Baptist Churches မှ ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။

Burma Advocacy Group အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ အရေးပါသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်လည်း ဆက်လက်တွေ့ဆုံသွားကြမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရွေးကောက်ပွဲတွင် ချင်းမှာ ကြံ့ခိုင်ရေးပါတီက ၄ နေရာနှင့် ဇိုမီးပါတီက ၂ နေရာ အနိုင်ရရှိ

ကလေးမြို့မှာ အရပ်သားပြည်သူတစ်ဦး စစ်ကော်မရှင်တပ်၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံး

ဟားခါးတွင် ကြံ့ခိုင်ရေးပါတီက လွှတ်တော် ၃ ရပ်လုံးမှာ အနိုင်ရရှိဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.