Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-ဟားခါး နှင့် CNA အကျဉ်းသားများကို မြို့မရဲစခန်းထဲ အထူးစစ်ဆင်ရေးဖြင့် ကယ်ထုတ်နိုင်ဟု CDF ဟားခါး ဆို

CDF-ဟားခါး နှင့် CNA အကျဉ်းသားများကို မြို့မရဲစခန်းထဲ အထူးစစ်ဆင်ရေးဖြင့် ကယ်ထုတ်နိုင်ဟု CDF ဟားခါး ဆို

0
By Editor on October 16, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးထားသည့် CDF-Hakha နှင့် CNA အကျဉ်းသားများကို အထူးစစ်ဆင်ရေးတစ်ခု ဖော်ဆောင်ပြီး ကယ်ထုတ်နိုင်ကြောင်း CDF – ဟားခါးက ယနေ့ အောက်တိုဘာလ ၁၆ ရက်မှာ ကြေညာသည်။

အောက်တိုဘာလ ၁၆ ရက် မနက် ၂ နာရီခွဲမှစတင်၍ CDF – ဟားခါး စစ်ဦးစီးချုပ်နှင့် တပ်မဟာ (၄) တပ်မဟာမှူးတို ကိုယ်တိုင် ကြီးကြပ်ကွက်ကဲမှုဖြင့် အထူးမစ်ရှင်တစ်ခု ဖော်ဆောင်ကာ CDF – ဟားခါး တပ်ဖွဲ့ဝင်များသည် ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက်၍ CDF – ဟားခါး ရဲဘော် ၃ ဦး၊ ချင်းအမျိုးသားကာကွယ်ရေတပ်မတော် (CNA) ရဲဘော် ၂ ဦးတို့ကို ကယ်ထုတ်နိုင်သည်ဟု သိရသည်။

အဆိုပါ ကယ်ထုတ်ရေး အထူးမစ်ရှင်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးကို ရှင်းလင်းနိုင်ပြီး ချင်းတော်လှန်ရေး ရဲဘော် အကျဉ်းသား ၅ ဦးအပြင် အခြားအကျဉ်းသား ၁၀ ဦးတို့ကိုလည်း ကယ်ထုတ်နိုင်သည်ဟု သိရသည်။

ဟားခါးမြို့မရဲစခန်းကို ၁ နာရီခွဲကြာ စီးနင်းတိုက်ခိုက်မှုတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း တပ်ဆုတ်ပြီး ဆုံမှတ်နေရာအရောက်တွင် မထင်မှတ်သော စစ်ကော်မရှင်တပ်မှ ကျည်တစ်ထောင့် ထိမှန်၍ CDF – ဟားခါး ရဲဘော် ၁ ဦးက ကျဆုံးရသည်ဟု သိရသည်။

CDF ဟားခါး ထိန်းချုပ်ထားသော ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို အောက်တိုဘာလ ၁၃ ရက်တွင် စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၈ နှစ်အရွယ် ကျောင်းသား ၁ ဦးနှင့် ၁၂ နှစ်အရွယ် ကျောင်းသူ ၁ ဦးတို့ သေဆုံးပြီး ဆရာ/မ ၅ ဦးနှင့် ကျောင်းသား ကျောင်းသူ ၁၆ ဦး ၊ စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇွန်လထဲ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.