• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»CDF-Matupi နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ငလိုင်တရွာလုံးနီးပါး တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရဟုဆို

CDF-Matupi နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ငလိုင်တရွာလုံးနီးပါး တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရဟုဆို

0
By Editor on September 25, 2021 Headline

ချင်းပြည်နယ်၊ မတူပီမြို့နယ် ငလိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၂ နာရီခန့်က CDF-Matupi နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ငလိုင်တရွာလုံးနီးပါး တောထဲကို ထွက် ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

“မနေ့ည ၅ နာရီနောက်ပိုင်းမှာ ငလိုင်ရွာကလူတွေအကုန်လုံးနီးပါး တောထဲကို အကုန်လုံးပြေးကြပြီ ရွာထဲမှာ ကလေးငယ်အများကြီးရှိတဲ့သူ မပြေးနိုင်တဲ့သူတွေနဲ့ အသက်ကြီးရွယ်အိုတွေပဲကျန်ခဲ့တာ ပြေးလို့ရတဲ့သူတွေ အကုန်ပြေးကြတယ်။” ၎င်းတို့နှင့် နီးစပ်သူ မတူပီဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က မတူပီမြို့နယ် ငလိုင်ကျေးရွာရှိိ ရွာသား ၂ ဦးကို မတရားဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖနိုင်ရွာနှင့် ငလိုင်ရွာကြားတစ်နေရာတွင် CDF- Matupi နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မတူပီမြို့နယ်၊ ငလိုင်ကျေးရွာတွင် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိမည်ဟုသိရပြီး မတူပီမြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့်သာ ကွာဝေးကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ် ၁ စင်း မတူပီမြိို့ပေါ်တွင် ၂ ကြိမ်ခန့် ပျံသန်းခဲ့ပြီးနောက် MPT အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးတွေလည်း ပျက်တောက်မှုဖြစ်ခဲ့ပြီး ညပိုင်းအချိန်တွင်လည်း သေနတ်သံများကြားနေရကြောင်းလည်း သိရသည်။

မတူပီမြို့ပေါ်တွင် ဂျက်လေယာဉ် ပျံသန်းမှုတွေရှိလာသောကြောင့် မတူပီဒေသခံများသည် ထန်တလန်မြို့ကဲ့သို့ လက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုရှိလာမည်ကို စိုးရိမ်ကြောက်လန့်မှုရှိနေကြသည်ဟု မတူပီဒေသခံများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.