• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်မီးရှို့

CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်မီးရှို့

0
By Editor on August 4, 2022 Headline

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ဇူလိုင်လ ၂၇ ရက်နေ့က ချင်း-မကွေးနယ်စပ် ရမ်းစီးကျေးရွာတွင် သတ်ဖြတ်မီးရှို့ခဲ့ကြသည်ဟု သိရသည်။

ချင်း-မကွေးနယ်စပ် မတူပီမြို့နယ် ဇိုတုန်နယ်မြေ ရမ်းစီးကျေးရွာဘက်တွင် ဇူလိုင် ၁၈ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာအတွင်း ကျန်ရှိနေသေးသော ရွာသားများအား ခေါ်ထုတ်ရန်အသွားမှာ စစ်ကောင်စီတပ်နှင့် တိုးမိကာ ၎င်းတို့ ၃ ဦး အဖမ်းခံခဲ့ကြရခြင်းဖြစ်သည်ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၂၂ ရက်နေ့မှာ စစ်တပ်ကဝင်လာတော့ ရွာသားတော်တော်များများ ပုန်းထားပြီးပြီ၊ မထွက်ပြေးသေးတဲ့လူတွေ ဘယ်လိုရှိသလဲဆိုတာ တချက်သွားကြည့်တာ စစ်တပ်က တောထဲမှာချူံခိုထားတယ် အဲဒီမှာ သူတို့ ၃ ယောက် အဖမ်းခံသွားတာဖြစ်တယ်” ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ CDF-Zotung တပ်ဖွဲ့မှ စစ်ဦးစီးချုပ် Paaw That Ceu၊ ရဲဘော် Paaw Thang Cin Mang နှင့် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် Paaw Aung Min Thang တို့ဖြစ်ကြသည်။

စစ်ကောင်စီတပ်က ၎င်းတို့ ၃ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့မှာ ဖမ်းဆီးပြီးနောက် ချက်ချင်းမသတ်ဘဲ ညှင်းပန်းနှိပ်စက်ပြီး နောက်ဇူလိုင် ၂၇ ရက်နေ့ကျမှ ရမ်းစီးကျေးရွာအစွန်ဘက်တွင် သတ်ဖြတ်ကာ မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

မီးရှို ခံထားရသည့်နေရာတွင် CDF-Zotung စစ်ဦးစီးချုပ်၏ ဦးထုပ်နှင့် ဓားမြောင်အပြင် အစိတ်စိတ်အမွှာ အမွှာကွဲထားသည့် ဦးခေါင်းလည်းတွေ့ရှိကြပြီး ခရစ်ယာန်ထုံးတမ်းစဉ်လာအရ သဂြိုလ်ခဲ့ကြသည်ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြုမူဆက်ဆံခြင်းမရှိဘဲ ရက်ရက်စက်စက် သတ်ဖြတ်သည့်အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ယခုကဲ့သို့ တော်လှန်ရေးခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရသော်လည်း CDF-Zotung အနေဖြင့် ယခုထက်ပိုပြီး ဆက်လက်တော်လှန်သွားမည်ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူကပြောသည်။

“ဗမာစစ်တပ်က ဘာဥပဒေမှလိုက်မတော့လေ ဒီလိုဟာမျိုးကဖမ်းသွားလို့ရှိရင် စစ်သုံ့ပန်းအနေနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ အညီဆက်ဆံရမှာဖြစ်တယ် အဲလိုမဟုတ်ပဲနဲ့ လူ့စိတ်ပျောက်ပြီး ဒီလိုဟာမျိုးလုပ်တာ ကျနော်တို့ အရမ်းစိတ်ထိခိုက်ရတာပေါ့ ကျနော်တို့ အားကိုးအားထားရတဲ့ခေါင်းဆောင်တစ်ယောက် ကျဆုံးတာတော့ ဝမ်းနည်းတာပေါ့ အဲဒါကြောင့် တော်လှန်ရေး အင်အားလျှော့လာမှာမဟုတ်ဘူး ကျနော်တို့ စိတ်ဓာတ်ပိုပြင်းထန်လာဖို့ပဲရှိတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အဆိုပါဒေသသို့ နယ်မြေရှင်းလင်းရေး ဝင်ရောက်လာသည့်အချိန်တွင် ရမ်းစီးကျေးရွာသား အယောက် ၃၀ ခန့်ကိုလည်းဖမ်းဆီးခဲ့ပြီး သြဂုတ်လဆန်းပိုင်းက ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် ဂန့်ဂေါမြို့နယ်ဘက်သို့ ပြန်လှည့်သွားပြီဖြစ်သော်လည်း ရမ်းစီး၊ အန့်တား ကျေးရွာအပါဝင် ကျေးရွာပေါင်း ၅ ရွာခန့်က ဒေသခံပြည်သူတစ်ထောင်ကျော်တို့သည် ရွာထဲသို့ မဝင်ရဲကြသေးဘဲ တောထဲသို့ ပုန်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.