• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သည့် ထန်တလန်ထွေအုပ်ဝန်ထမ်းများကို စုံစမ်းစစ်ဆေးရန်ဟုဆိုကာ ဆင့်ခေါ်စာ နှစ်ကြိမ်တိုင်တိုင်ပေးပို့

CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သည့် ထန်တလန်ထွေအုပ်ဝန်ထမ်းများကို စုံစမ်းစစ်ဆေးရန်ဟုဆိုကာ ဆင့်ခေါ်စာ နှစ်ကြိမ်တိုင်တိုင်ပေးပို့

0
By Editor on February 18, 2021 Headline

#Unicode

Benezer – တပ်မတော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် Civil Disobedience Movement (CDM) လှုပ်ရှားမှု တွင် ပူးပေါင်းပါဝင်ကြသော ချင်းပြည်နယ်ထန်တလန်မြို့နယ်မှ ဝန်ထမ်းများကို ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုခံယူရန်ဟုဆိုကာ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဆင့်ခေါ်စာနှစ်ကြိမ်တိုင်တိုင်ပေးပို့ထားသည်ဟု သိရသည်။

“ကျနော်တို့ကို လွန်ခဲ့တဲ့ သုံးရက်က တစ်ကြိမ် ဒီနေ့မှာတစ်ကြိမ် ရုံးကိုလာပြီးအစစ်ဆေးခံဖို့ စာပို့တယ်၊ ဒါပေမယ့် ကျနော်တို့သွားမှာမဟုတ်ဘူး”ဟု CDM ဝင်နေသည့် ထန်တလန်မြို့မှ အမည်မဖော်လိုသူထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။

CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသော ထန်တလန်မြို့နယ်မှ ထွေအုပ်ဝန်ထမ်းများကို ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေး အဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ပထမဆုံးအကြိမ်ဆင့်ခဲ့သော်လည်း မည်သူမျှသွားရောက်ခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒုတိယအကြိမ်ထပ်မံဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ CDM ဝင်နေသည့် ထွေအုပ်ဝန်ထမ်းများအား အစစ်ဆေးခံရန် ဌာနဆိုင်ရာမှ စစ်ခေါ်မှုသည် တစ်ခြားမြို့ နယ်များတွင်မရှိဘဲ ထန်တလန်မြို့တစ်မြို့နယ်ထဲသာ ဆင့်ခေါ်ခံရခြင်းဖြစ်ကြောင်း CDM ဝင်နေသည့် ထန်တလန် ထွေအုပ်ဝန်ထမ်းများထံမှ သိရသည်။

CDM ဝင်နေသည့် ထွေအုပ်ဝန်ထမ်းများအား ဆင့်ခေါ်စာပေးပို့ခြင်းနဲ့ ပတ်သတ်ပြီး ထန်တလန်ထွေအုပ်ရုံးမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းအား ဆက်သွယ်မေးမြန်းခဲ့ရာ “ဒီဟာက ဌာနဆိုင်ရာကိစ္စဖြစ်နေတဲ့အတွက် ပြောလို့မရပါဘူး”ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ထန်တလန်မြို့တွင် CDM ဝင်ရောက်သူ ထွေအုပ်ဝန်ထမ်း ၂၂ဦးရှိပြီး ဒုမြို့နယ်မှူး ဦးတင်အောင်ဝင်းမှ အိမ်တိုင်ရာရောက် ဆင့်ခေါ်စာ ပေးပို့မှုကြောင့် ၆ ဦးဝန်းကျင်ခန့် ရုံးပြန်တက်ပြီး ၁၆ ဦးမှာ CDM ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

#Zawgyi

Benezer – တပ္မေတာ္ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္သည့္ Civil Disobedience Movement (CDM) လႈပ္ရွားမႈ တြင္ ပူးေပါင္းပါဝင္ၾကေသာ ခ်င္းျပည္နယ္ထန္တလန္ၿမိဳ႕နယ္မွ ဝန္ထမ္းမ်ားကို ဌာနဆိုင္ရာစုံစမ္းစစ္ေဆးမႈခံယူရန္ဟုဆိုကာ ထန္တလန္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးမွ ဆင့္ေခၚစာႏွစ္ႀကိမ္တိုင္တိုင္ေပးပို႔ထားသည္ဟု သိရသည္။

“က်ေနာ္တို႔ကို လြန္ခဲ့တဲ့ သုံးရက္က တစ္ႀကိမ္ ဒီေန႔မွာတစ္ႀကိမ္ ႐ုံးကိုလာၿပီးအစစ္ေဆးခံဖို႔ စာပို႔တယ္၊ ဒါေပမယ့္ က်ေနာ္တို႔သြားမွာမဟုတ္ဘူး”ဟု CDM ဝင္ေနသည့္ ထန္တလန္ၿမိဳ႕မွ အမည္မေဖာ္လိုသူေထြအုပ္ဝန္ထမ္းတစ္ဦးက ေျပာသည္။

CDM လႈပ္ရွားမႈတြင္ ပူးေပါင္းပါဝင္ၾကေသာ ထန္တလန္ၿမိဳ႕နယ္မွ ေထြအုပ္ဝန္ထမ္းမ်ားကို ဌာနဆိုင္ရာစုံစမ္းစစ္ေဆးေရး အဖြဲ႕က ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ ပထမဆုံးအႀကိမ္ဆင့္ခဲ့ေသာ္လည္း မည္သူမၽွသြားေရာက္ျခင္းမရွိသည့္အတြက္ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔က ဒုတိယအႀကိမ္ထပ္မံဆင့္ေခၚခဲ့ျခင္းျဖစ္သည္။

ယခုကဲ့သို႔ CDM ဝင္ေနသည့္ ေထြအုပ္ဝန္ထမ္းမ်ားအား အစစ္ေဆးခံရန္ ဌာနဆိုင္ရာမွ စစ္ေခၚမႈသည္ တစ္ျခားၿမိဳ႕ နယ္မ်ားတြင္မရွိဘဲ ထန္တလန္ၿမိဳ႕တစ္ၿမိဳ႕နယ္ထဲသာ ဆင့္ေခၚခံရျခင္းျဖစ္ေၾကာင္း CDM ဝင္ေနသည့္ ထန္တလန္ ေထြအုပ္ဝန္ထမ္းမ်ားထံမွ သိရသည္။

CDM ဝင္ေနသည့္ ေထြအုပ္ဝန္ထမ္းမ်ားအား ဆင့္ေခၚစာေပးပို႔ျခင္းနဲ႔ ပတ္သတ္ၿပီး ထန္တလန္ေထြအုပ္႐ုံးမွ ဒုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးတင္ေအာင္ဝင္းအား ဆက္သြယ္ေမးျမန္းခဲ့ရာ “ဒီဟာက ဌာနဆိုင္ရာကိစၥျဖစ္ေနတဲ့အတြက္ ေျပာလို႔မရပါဘူး”ဟုသာ ျပန္လည္ေျဖၾကားခဲ့သည္။

ထန္တလန္ၿမိဳ႕တြင္ CDM ဝင္ေရာက္သူ ေထြအုပ္ဝန္ထမ္း ၂၂ဦးရွိၿပီး ဒုၿမိဳ႕နယ္မႉး ဦးတင္ေအာင္ဝင္းမွ အိမ္တိုင္ရာေရာက္ ဆင့္ေခၚစာ ေပးပို႔မႈေၾကာင့္ ၆ ဦးဝန္းက်င္ခန႔္ ႐ုံးျပန္တက္ၿပီး ၁၆ ဦးမွာ CDM ဆက္လက္ေဆာင္ရြက္ေနေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.