Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

0
By Editor on May 12, 2022 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်ဖြစ်ပွားသည့် နှစ်လတာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF က ထုတ်ပြန်သည်။

CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က “နှစ်လတာ ခြုံကြည့်မယ်ဆိုရင် မတ်နဲ့ဧပြီကြတော့ ကလေးဖက်မှာ ဖြစ်တာများမယ်၊ နောက်ပြီးတော့ ရိခေါ ဒါရ်မှာ ဖြစ်တာများတယ်။ မတ်လတုန်းကတော့ အခုပြန်နေတဲ့ယာဉ်တန်းတက်လာတဲ့အချိန်မှာ တားလ်ရွာကြားမှာ စဖြစ်တာ။ စစ်ကောင်စီဖက်ကသေတာ တစ်ရာ့ငါးဦးနဲ့ ဒဏ်ရာရတဲ့သူကများတယ် တိကျယူလို့မရတော့။ ကျွန်တော်တို့ CNDF ဖက်က တိုက်ပွဲမှာ ကျတဲ့သူနဲ့ သူတို့ဖမ်းဆီးပြီး သတ်ဖြတ်တဲ့သူရော ၆ ဦးရှိတယ်။” ဟု ပြောသည်။

CNDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း ဖလမ်းမြို့နယ်နှင့် ကလေးမြို့ နယ်တွင် တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း CNDF ဘက်မှ ၆ ဦးကျဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ဖလမ်းမြို့နယ် တားလ်၊ ထလန်ဇာရ်၊ ရမ်ထလို၊ ဒေါက်ထက်၊ ရိခေါ်ဒါရ်ဒေသများနှင့် ကလေးမြို့နယ် ရန်ကြီးအောင်၊ နတ်ချောင်၊ နတ်မြောင်း၊ အောင်ချမ်းသာ၊ တောင်သာနှင့် ဟားခါးလေးကျေးရွာများတွင် ဖြစ်ပွားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.