Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

0
By Editor on May 12, 2022 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်ဖြစ်ပွားသည့် နှစ်လတာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF က ထုတ်ပြန်သည်။

CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က “နှစ်လတာ ခြုံကြည့်မယ်ဆိုရင် မတ်နဲ့ဧပြီကြတော့ ကလေးဖက်မှာ ဖြစ်တာများမယ်၊ နောက်ပြီးတော့ ရိခေါ ဒါရ်မှာ ဖြစ်တာများတယ်။ မတ်လတုန်းကတော့ အခုပြန်နေတဲ့ယာဉ်တန်းတက်လာတဲ့အချိန်မှာ တားလ်ရွာကြားမှာ စဖြစ်တာ။ စစ်ကောင်စီဖက်ကသေတာ တစ်ရာ့ငါးဦးနဲ့ ဒဏ်ရာရတဲ့သူကများတယ် တိကျယူလို့မရတော့။ ကျွန်တော်တို့ CNDF ဖက်က တိုက်ပွဲမှာ ကျတဲ့သူနဲ့ သူတို့ဖမ်းဆီးပြီး သတ်ဖြတ်တဲ့သူရော ၆ ဦးရှိတယ်။” ဟု ပြောသည်။

CNDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း ဖလမ်းမြို့နယ်နှင့် ကလေးမြို့ နယ်တွင် တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း CNDF ဘက်မှ ၆ ဦးကျဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ဖလမ်းမြို့နယ် တားလ်၊ ထလန်ဇာရ်၊ ရမ်ထလို၊ ဒေါက်ထက်၊ ရိခေါ်ဒါရ်ဒေသများနှင့် ကလေးမြို့နယ် ရန်ကြီးအောင်၊ နတ်ချောင်၊ နတ်မြောင်း၊ အောင်ချမ်းသာ၊ တောင်သာနှင့် ဟားခါးလေးကျေးရွာများတွင် ဖြစ်ပွားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.