• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»CNF ဗဟိုဌာနချုပ်သွားရာလမ်းကြောင်းပေါ်ရှိ ကျေးရွာ ၅ ရွာကို အာဏာသိမ်းစစ်ကောင်စီက အပြင်မထွက်ရအမိန့် (Curfew) ထုတ်ပြန်

CNF ဗဟိုဌာနချုပ်သွားရာလမ်းကြောင်းပေါ်ရှိ ကျေးရွာ ၅ ရွာကို အာဏာသိမ်းစစ်ကောင်စီက အပြင်မထွက်ရအမိန့် (Curfew) ထုတ်ပြန်

0
By Editor on April 21, 2021 Khonumthung

#Unicode

မာဂရက် – ချင်းပြည်နယ် ထန်တလန်မြို့နယ် ချင်းအမျိူးသားတပ်ဦး(CNF) ဗဟိုဌာနချုပ် ဝိတိုရိယစခန်းသွားရာလမ်းကြောင်းပေါ်ရှိ Vanzang တောင်ကြောက ကျေးရွာ ၅ ရွာကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ဧပြီလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ အပြင်မထွက်ရ အမိန့်(Curfew) ထုတ်ပြန်လိုက်သည်ဟုသိရသည်။

“ညမထွက်ရက ဟိုးအရင်ကတည်းကထုတ်ထားပြီးသား အခုတော့ နေ့ရောညပါ အပြင်မထွက်နဲ့ဆိုတဲ့ အမိန့်ပဲ ရွာဘက်သွားတဲ့သူတွေကိုလည်း လမ်းတဝက်ကနေ ပြန်လှည့်ခိုင်းတယ်” ဟု ထန်တလန်မြို့ဒေသခံတစ်ဦးကပြောသည်။

ထန်တလန်မြို့နယ် Vanzang တောင်ကြောတွင် ကျေးရွာ ၆ ရွာရှိပြီး ယခုအပြင်မထွက်ရအမိန့် ထုတ်ပြန်ထားသော ကျေးရွာ ၅ ရွာမှာ Vanzang, Farrawn, Lungding, Tlangpi, Tlanglo ကျေးရွာတို့ ဖြစ်ကြောင်းသိရသည်။

Vanzang တောင်ကြောမှ ကျေးရွာတစ်ရွာဖြစ်သည့် Sopum ကျေးရွာမှာမူ လွန်ခဲ့သည့် ၃ လကတည်းက အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားပြီး Curfew ထုတ်ထားခြင်းမရှိဘဲ ရွာအဝင်အထွက်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က စစ်ဆေးမှုများပြုများပြုလာကာ ဖြတ်သန်းသွားလာသူများကို နေရပ်ပြန်လှည့်ခိုင်းနေသည်ဟု ထန်တလန်ဒေသခံ ကပြောသည်။

ထန်တလန်မြို့မှ ချင်းအမျိူးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို သွားမည်ဆိုပါက ယခုအပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ကျေးရွာများကို ဖြတ်သန်းသွားလာရသည်။

ချင်းအမျိူးသားတပ်ဦး CNF သည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အရ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စခန်းချနေထိုင်ခြင်းဖြစ်သည်။

ယခုကဲ့သို့ CNF ဌာနချုပ်ရှိရာအနီးရှိ ကျေးရွာများအား စစ်ကောင်စီဘက်မှ အပြင်မထွက်ရအမိန့်ထုတ်ပြန်ရသည့် အကြောင်းရင်းကိုမသိရသော်လည်း စစ်အာဏာရှင်ဆန့်ကျင်သည့် CDM ဝန်ထမ်းများ၊ လူငယ်ခေါင်းဆောင်များ အဆိုပါဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်၍မရအောင် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ယုံကြည်နေကြသည်။

ပြီးခဲ့သည့် မတ်လတုန်းကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့်သည် CNF ဗဟိုဌာနချုပ်ကိုသွားရောက်ကာ CDM ဝင်ထားသည့် ရဲဝန်ထမ်းများအား ပြန်အပ်ရန် တောင်းဆိုမှုပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

#Zawgyi

မာဂရက္ – ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္ ခ်င္းအမ်ဴိးသားတပ္ဦး(CNF) ဗဟိုဌာနခ်ဳပ္ ဝိတိုရိယစခန္းသြားရာလမ္းေၾကာင္းေပၚရွိ Vanzang ေတာင္ေၾကာက ေက်းရြာ ၅ ရြာကို အာဏာသိမ္းစစ္ေကာင္စီက ယေန႔ဧၿပီလ ၂၁ ရက္ေန႔မွ ၂၆ ရက္ေန႔အထိ အျပင္မထြက္ရ အမိန္႔(Curfew) ထုတ္ျပန္လိုက္သည္ဟုသိရသည္။

“ညမထြက္ရက ဟုိးအရင္ကတည္းကထုတ္ထားၿပီးသား အခုေတာ့ ေန႔ေရာညပါ အျပင္မထြက္နဲ႔ဆုိတဲ့ အမိန္႔ပဲ ရြာဘက္သြားတဲ့သူေတြကိုလည္း လမ္းတဝက္ကေန ျပန္လွည့္ခုိင္းတယ္” ဟု ထန္တလန္ျမဳိ႕ေဒသခံတစ္ဦးကေျပာသည္။

ထန္တလန္ျမဳိ႕နယ္ Vanzang ေတာင္ေၾကာတြင္ ေက်းရြာ ၆ ရြာရွိျပီး ယခုအျပင္မထြက္ရအမိန္႔ ထုတ္ျပန္ထားေသာ ေက်းရြာ ၅ ရြာမွာ Vanzang, Farrawn, Lungding, Tlangpi, Tlanglo ေက်းရြာတို႔ ျဖစ္ေၾကာင္းသိရသည္။

Vanzang ေတာင္ေၾကာမွ ေက်းရြာတစ္ရြာျဖစ္သည့္ Sopum ေက်းရြာမွာမူ လြန္ခဲ့သည့္ ၃ လကတည္းက အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားတပ္စြဲထားၿပီး Curfew ထုတ္ထားျခင္းမရွိဘဲ ရြာအ၀င္အထြက္ဂိတ္တြင္ စစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ား က စစ္ေဆးမႈမ်ားျပဳမ်ားျပဳလာကာ ျဖတ္သန္းသြားလာသူမ်ားကို ေနရပ္ျပန္လွည့္ခိုင္းေနသည္ဟု ထန္တလန္ေဒသခံ ကေျပာသည္။

ထန္တလန္ၿမိဳ႕မွ ခ်င္းအမ်ဴိးသားတပ္ဦး (CNF) ဗဟိုဌာနခ်ဳပ္ ဝိတိုရိယစခန္းကိုသြားမည္ဆိုပါက ယခုအျပင္မထြက္ရ အမိန္႔ထုတ္ျပန္ထားသည့္ ေက်းရြာမ်ားကို ျဖတ္သန္းသြားလာရသည္။

ခ်င္းအမ်ဴိးသားတပ္ဦး CNF သည္ ယခင္ဦးသိန္းစိန္အစိုးရလက္ထက္ အပစ္အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္အရ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္တြင္ စခန္းခ်ေနထိုင္ျခင္းျဖစ္သည္။

ယခုကဲ့သို႔ CNF ဌာနခ်ဳပ္ရွိရာအနီးရွိ ေက်းရြာမ်ားအား စစ္ေကာင္စီဘက္မွ အျပင္မထြက္ရအမိန္႔ထုတ္ျပန္ရသည့္ အေၾကာင္းရင္းကိုမသိရေသာ္လည္း စစ္အာဏာရွင္ဆန္႔က်င္သည့္ CDM ၀န္ထမ္းမ်ား၊ လူငယ္ေခါင္းေဆာင္မ်ား အဆိုပါေဒသဘက္သို႔ ထြက္ေျပးတိမ္းေရွာင္၍မရေအာင္ လုပ္ေဆာင္ျခင္းျဖစ္ႏိုင္သည္ဟု ယံုၾကည္ေနၾကသည္။

ၿပီးခဲ့သည့္ မတ္လတုန္းကလည္း အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔၀င္ အေယာက္ ၃၀ ခန္႔သည္ CNF ဗဟိုဌာနခ်ဳပ္ကိုသြားေရာက္ကာ CDM ၀င္ထားသည့္ ရဲ၀န္ထမ္းမ်ားအား ျပန္အပ္ရန္ ေတာင္းဆိုမႈျပဳလုပ္ခဲ့ၾကၿပီးျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.