Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNF/A ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်

CNF/A ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်

0
By Editor on January 11, 2023 Headline

ချင်းအမျိုးသားတပ်ဦး CNF/A ဗဟိုဌာနချုပ် ဝိတိုရိယ (Camp Victoria) စခန်းကို စစ်ကောင်စီက ယနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တိုက်လေယာဉ် ၂ စီးနဲ့ CNF ဗဟိုဌာနချုပ်က မဟာဗျူဟာကုန်းနဲ့ ပြင်ပလူနာဌာနဆေးခန်း၊ ဆေးဂိုဒေါင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဗုံး ၂ ကြိမ် ကြဲချခဲ့တယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

“ဒီနေ့ နှစ်လုံးထပ်ပစ်တာ မဟာဗျူဟာကုန်းမှာပစ်တာ ပြီးတော့ ပြင်ပလူနာဌာန ဆေးခန်းတွေ၊ ဆေးဂိုဒေါင်တွေက တော်တော်ပျက်သွားတယ်” လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

ယနေ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရမှုမှာ လူထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲလောက်မှာ CNF/A ဗဟိုဌာနချုပ်ကို လေကြောင်းကနေ ဗုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ချင်းအမျိုးသားတပ်မတော် တပ်သား ရဲမေ ၂ ဦးအပါအဝင် ၅ ဦး ကျဆုံးခဲ့ရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.