• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»CNLD ပါတီမွ ခ်င္းျပည္နယ္အတြင္း မဲဆႏၵနယ္ေျမ အနည္းဆံုး (၃၅) ေနရာယွဥ္ၿပိဳင္ႏိုင္မည္ဟုဆို

CNLD ပါတီမွ ခ်င္းျပည္နယ္အတြင္း မဲဆႏၵနယ္ေျမ အနည္းဆံုး (၃၅) ေနရာယွဥ္ၿပိဳင္ႏိုင္မည္ဟုဆို

0
By Editor on July 3, 2020 Headline

#Zawgyi

By ဒိမ္ – လာမည့္ႏုိ၀င္ဘာလ (၈) ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ အေထြေထြေရြးေကာက္ပဲြတြင္ ခ်င္းအမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ CNLD ပါတီအေနျဖင့္ ခ်င္းျပည္နယ္အတြင္း မဲဆႏၵနယ္ေျမ အနည္းဆုံး ၃၅ ေနရာမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ 

CNLD ပါတီ အေထြအေထြအတြင္းေရးမွဴး ဆလိုင္း ကဲ်အိုဘိခ္ေထာင္က ” အခုထိ ေသေသခ်ာခ်ာေျပာလို႔မရေသးေပမယ့္ ခ်င္းျပည္နယ္မွာ အမတ္ေနရာ ၃၉ ေနရာရွိတဲ့အနက္ ၃၅ ေနရာေတာ့ ၀င္ၿပိဳင္ႏိုင္မယ္လို႕ထင္တယ္၊ က်ေတာ္တို႕ပါတီအေနနဲ႕ အတတ္ႏိုင္ဆုံးေတာ့ ႀကိဳးစားမွာပါ” ဟုေျပာသည္။ 

CNLD ပါတီအေနျဖင့္ ခ်င္းျပည္နယ္ ၈ ၿမိဳ႕နယ္စလံုးတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ အခက္အခဲမရွိေသာ္လည္း ျမန္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(ေအေအ) အၾကားတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈမရွိသည့္ ပလက္၀ၿမိဳ႕နယ္တြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္းရွိမရွိကိုမူ ယခုအေနအထားအရ ေျပာဆို၍မရေသးေၾကာင္း ၎ကဆက္ေျပာသည္။

ခ်င္းႏုိင္ငံေရးပါတီ (၃) ခု ပူးေပါင္း၍ ဖြဲ႔စည္းထားသည့္ CNLD ပါတီအေနျဖင့္ ခ်င္းျပည္နယ္အျပင္ စစ္ကိုင္းတုိင္း၊ မေကြးတိုင္း၊ ရခိုင္ျပည္နယ္ရွိ ခ်င္းတိုင္းရင္းသားေရးရာ၀န္ႀကီးေနရာလည္း ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

သို႔ေသာ္လည္း CNLD ပါတီအေနျဖင့္ ၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ မဲဆႏၵနယ္ေျမအေရအတြက္ အတိအက်ႏွင့္ ၎တို႔ပါတီကုိယ္စားျပဳအေနျဖင့္ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မ်ား၏ စာရင္းကို ယခုလကုန္ပိုင္းတြင္ ထုတ္ျပန္မည္ဟု သိရသည္။ 

ပလက္၀ၿမိဳ႕နယ္သည္ မဲဆႏၵနယ္ေျမ ၅ ေနရာရွိသည့္ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး စစ္ေရးပဋိပကၡေၾကာင့္ ေရြးေကာက္ပြဲမက်င္းပႏုိင္မွာကို ႏိုင္ငံေရးပါတီႏွင့္ အရပ္ဘက္အဖြဲ႔အစည္းမ်ားက စိုးရိမ္ေနၾကျခင္းျဖစ္သည္။ 

သို႔ေသာ္လည္း  ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေတာ့  ၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြက္ တစ္ႏုိင္ငံလံုး မဲဆႏၵနယ္ေျမမ်ားစာရင္း သတ္မွတ္ေၾကညာခဲ့ရာတြင္ ပလက္၀ၿမိဳ႕နယ္ မဲဆႏၵနယ္ေျမလည္း ပါ၀င္ခဲ့သည့္အတြက္ ေရြးေကာက္ပြဲက်င္းပႏုိင္မည့္အလားအလာရွိသည္ဟု ယူဆရသည္။ 

အမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(NLD) ပါတီကေတာ့ ပလက္၀ၿမိဳ႕နယ္အတြင္း ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအျဖစ္ အမ်ဴိးသားလႊတ္ေတာ္တြင္ ဦးေျပမင္းႏွင့္ ဦးေ၀ွ႔တင္း၊ ျပည္သူ႔လႊတ္ေတာ္တြင္ ဦးေအာင္ေရႊ၊ ျပည္နယ္လႊတ္ေတာ္တြင္ လက္ရွိစည္ပင္၀န္ႀကီးဦးစိုးထက္ႏွင့္ ဦးမ်ဴိးထုိက္တို႔ကို ေရြးခ်ယ္ထားၿပီးျဖစ္သည္။

ခ်င္းျပည္နယ္တြင္ ယခင္ ၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲကဲ့သို႔ ပါတီတစ္ခုမွ မဲအျပတ္အသတ္အႏုိင္ရၿပီး အစိုးရဖြဲ႔ ႏုိင္သည့္အေနအထားမ်ဴိး လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ရွိႏုိ္င္ေတာ့မည္မထင္ေၾကာင္း ခ်င္းႏုိင္ငံေရးေလ့လာေနသူ တစ္ဦးျဖစ္သည့္ ဆလုိင္းခင္ေမာင္သိန္းက သံုးသပ္ထားသည္။ 

“ခ်င္းပါတီက ကိုယ္စားလွယ္အေရြးမွန္ရင္ NLD နဲ႕ မတိမ္းမယိမ္းျဖစ္မယ္။ ခ်င္းျပည္နယ္မွာ ပါတီတခုက အမတ္ေနရာ ၁၃ ခုအႏိုင္ရႏိုင္ရင္ အစိုးရဖဲြ႕ဖို႕ အလားအလာရွိေပမဲ့ ပါတီတစ္ခုကေန ခ်င္းျပည္နယ္မွာ အမတ္ ေနရာ ၁၃ ခုရႏိုင္ဖို႕ ခက္ခဲလိမ့္မယ္” ဟု၎ကဆိုသည္။

#Unicode

By ဒိမ် – လာမည့်နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီအနေဖြင့် ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ်မြေ အနည်းဆုံး ၃၅ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

CNLD ပါတီ အထွေအထွေအတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်က ” အခုထိ သေသေချာချာပြောလို့မရသေးပေမယ့် ချင်းပြည်နယ်မှာ အမတ်နေရာ ၃၉ နေရာရှိတဲ့အနက် ၃၅ နေရာတော့ ဝင်ပြိုင်နိုင်မယ်လို့ထင်တယ်၊ ကျတော်တို့ပါတီအနေနဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားမှာပါ” ဟုပြောသည်။ 

CNLD ပါတီအနေဖြင့် ချင်းပြည်နယ် ၈ မြို့နယ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲမရှိသော်လည်း မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(အေအေ) အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ပလက်ဝမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းရှိမရှိကိုမူ ယခုအနေအထားအရ ပြောဆို၍မရသေးကြောင်း ၎င်းကဆက်ပြောသည်။

ချင်းနိုင်ငံရေးပါတီ (၃) ခု ပူးပေါင်း၍ ဖွဲ့စည်းထားသည့် CNLD ပါတီအနေဖြင့် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်ရှိ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော်လည်း CNLD ပါတီအနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေအရေအတွက် အတိအကျနှင့် ၎င်းတို့ပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ စာရင်းကို ယခုလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု သိရသည်။ 

ပလက်ဝမြို့နယ်သည် မဲဆန္ဒနယ်မြေ ၅ နေရာရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ရေးပဋိပက္ခကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်မှာကို နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ်နေကြခြင်းဖြစ်သည်။ 

သို့သော်လည်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့  ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး မဲဆန္ဒနယ်မြေများစာရင်း သတ်မှတ်ကြေညာခဲ့ရာတွင် ပလက်ဝမြို့နယ် မဲဆန္ဒနယ်မြေလည်း ပါဝင်ခဲ့သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်မည့်အလားအလာရှိသည်ဟု ယူဆရသည်။ 

အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီကတော့ ပလက်ဝမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အမျိူးသားလွှတ်တော်တွင် ဦးပြေမင်းနှင့် ဦးဝှေ့တင်း၊ ပြည်သူ့လွှတ်တော်တွင် ဦးအောင်ရွှေ၊ ပြည်နယ်လွှတ်တော်တွင် လက်ရှိစည်ပင်ဝန်ကြီးဦးစိုးထက်နှင့် ဦးမျိူးထိုက်တို့ကို ရွေးချယ်ထားပြီးဖြစ်သည်။

ချင်းပြည်နယ်တွင် ယခင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကဲ့သို့ ပါတီတစ်ခုမှ မဲအပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့ နိုင်သည့်အနေအထားမျိူး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှိနိ်ုင်တော့မည်မထင်ကြောင်း ချင်းနိုင်ငံရေးလေ့လာနေသူ တစ်ဦးဖြစ်သည့် ဆလိုင်းခင်မောင်သိန်းက သုံးသပ်ထားသည်။ 

“ချင်းပါတီက ကိုယ်စားလှယ်အရွေးမှန်ရင် NLD နဲ့ မတိမ်းမယိမ်းဖြစ်မယ်။ ချင်းပြည်နယ်မှာ ပါတီတခုက အမတ်နေရာ ၁၃ ခုအနိုင်ရနိုင်ရင် အစိုးရဖွဲ့ဖို့ အလားအလာရှိပေမဲ့ ပါတီတစ်ခုကနေ ချင်းပြည်နယ်မှာ အမတ် နေရာ ၁၃ ခုရနိုင်ဖို့ ခက်ခဲလိမ့်မယ်” ဟု၎င်းကဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.