Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကြောင်း အိန္ဒိယ-မြန်မာ နယ်စပ်တွင် ငြိမ်းချမ်းစွာ ချီတက်ပွဲပြုလုပ်မည်

FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကြောင်း အိန္ဒိယ-မြန်မာ နယ်စပ်တွင် ငြိမ်းချမ်းစွာ ချီတက်ပွဲပြုလုပ်မည်

0
By Editor on April 6, 2024 Headline

(005MK)

အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာလှုပ်ရှားသွားခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟို အစိုးရ၏အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တနေရာမှာ ငြိမ်းချမ်းစွာ ချီတက်ပွဲ (Peacefully Rally) ပြုလုပ်မည်ဟုသိရသည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) က ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် အစည်းအ‌ေ၀◌းတရပ်ကျင်းပကာ FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ငြိမ်းချမ်းစွာချီတက်ပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြားလွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR ဖျက်သိမ်းပြီး နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုး ကာရံရန်စီစဉ်ခြင်းသည် မိမိတို့လူမျိုးတူမျိုးနွယ်စုများအား ပိုင်းခြားရန်စီစဉ်ခြင်းဖြစ်သည့်အတွက် လက်မခံကြောင်း ZORO က ပြောသည်။

ထို့ကြောင့် လာမည့် မေလ ၁၆ ရက်နေ့တွင် အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ငြိမ်းချမ်းစွာ ချီတက်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး မီဇိုရမ်ပြည်သူလူထုနှင့် မြန်မာဘက်ခြမ်းက ပြည်သူများအနေဖြင့် ပူးပေါင်းပါ၀◌င်ပေးကြရန် ZORO က တောင်းဆိုထားသည်။

Zo Reunification Organization (ZoRO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင်ရေး လိုလားသောအဖွဲ့ဖြစ်ပြီး ယင်းအတွက် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.