Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ICNCC ကို အသစ်ပြန်လည်ဖွဲ့စည်း၊ ပြည်သူအခြေပြု အသွင်သစ်ဖြင့် မြင်တွေ့ရမည်ဟုဆို

ICNCC ကို အသစ်ပြန်လည်ဖွဲ့စည်း၊ ပြည်သူအခြေပြု အသွင်သစ်ဖြင့် မြင်တွေ့ရမည်ဟုဆို

0
By Editor on February 19, 2024 Headline

(006SV)

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ပြီးခဲ့သည့် တစ်ပတ်ခန့်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီး ပြည်သူ့အခြေပြု အသွင်သစ်ဖြင့် မြင်တွေ့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းပြည် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များပါဝင်သည့် ICNCC Fact – finding အဖွဲ့၏ (၃) လကြာ အချက်အလက်စုစည်းမှု၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော ICNCC Reform Committee ၏ (၁) လကြာ ဆွေးနွေးမှုအပြီးတွင် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ICNCC ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာကင်တန်က ပြောသည်။

“Reform Committee ကနေ တစ်လကျော်ကြာ အကြေအလည် ဆွေးနွေးပြင်ဆင်ကြတာဆိုတော့ ပြည်သူအခြေပြု အသွင်သစ် ICNCC ဖြစ်ပါတယ်။ Bottom-up ပုံစံဖြစ်ပါတယ်။ ဒီအတွက် ဂုဏ်ယူစရာကောင်းသလို လက်တွေ့အကောင်အထည်ဖော်မှုပိုင်း ပိုထိရောက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာ ကင်တန်က ပြောသည်။

ICNCC အသစ်ပြန်လည် ဖွဲ့စည်းမှုကို ဖေဖော်ဝါရီလ ၁၃ ရက်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး ချင်းပြည် တော်လှန်ရေးအင်အားစု (၇) စု ပါဝင်မည်ဖြစ်ကာ ယင်းတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလည်ပတ်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ICNCC တွင် ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ တစ်မြို့နယ်လျှင် တစ်ပါတီ (၁) ဦးနှုန်းဖြင့် ချင်းပြည်အတွင်းရှိ နိုင်ငံရေးပါတီများ၊ မြို့နယ် ကိုယ်စားပြု (၃)ဦး၊ မျိုးနွယ်စု (သို့မဟုတ်) ဒေသကိုယ်စားပြု (၁) ဦး ကိုယ်စားပြုပါဝင်မည့် ချင်းနိုင်ငံရေး ဦး‌ဆောင်အဖွဲ့နှင့် မြို့နယ် ကိုယ်စားပြု (၃)ဦး၊ မျိုးနွယ်စု (သို့မဟုတ်) ဒေသကိုယ်စားပြု (၁) ဦး ကိုယ်စားပြုပါဝင်မည့် ချင်းကာကွယ်ရေးအစုအဖွဲ့များ ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။

ထို့အပြင် တစ်မြို့နယ်လျှင် (၂) ဦးနှုန်းဖြင့် ချင်း CDMs များနှင့် ချင်းအရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ချင်းလူမျိုးအဖွဲ့အစည်းများနှင့် ပါဝင်သင့် ပါဝင်ထိုက်သော ပုဂ္ဂိုလ်များလည်း ICNCC အသစ်ဖွဲ့စည်းမှုတွင် ပါဝင်မည်ဖြစ်သည်။

ICNCC အသစ်ပြန်လည်ဖွဲ့စည်းမှုတွင် ပါဝင်မည့် အဖွဲ့များနှင့် လူပုဂ္ဂိုလ်များကို လတ်တလောတွင် ထုတ်ပြန်ရန် အဆင်မပြေသေး ကြောင်း ဒေါက်တာ ကင်တန်က ပြောသည်။

“ဒီ အစုအဖွဲ့တွေက frame ချထားခြင်းဖြစ်ပြီးတော့ ဦးရေ အတိအကျ ခက်နေပါသေးတယ်။ လာရောက်ဆက်သွယ်ကြတဲ့ သူတွေရှိပြီး လောလောဆယ် အတိအကျ အရေအတွက် ထုတ်ပြန်ဖို့ နည်းနည်းအဆင်မပြေသေးပါဘူး” ဟု ၎င်းက ပြောသည်။

အသစ်ပြန်လည်ဖွဲ့စည်းသော ကောင်စီ ဦးဆောင်မှုကို အစုအဖွဲ့တစ်ဖွဲ့စီမှ ရွေးချယ်ထားသော ကိုယ်စားလှယ် တစ်ဦးစီးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ဥက္ကဌ (၁)ဦး၊ ဒုဥက္ကဌ (၂) ဦး၊ အထွေထွေအတွင်းရေးမှူး (၁) ဦး၊ တွဲဖက်အတွင်းရေးမှူး (၂) ဦး၊ ဘဏ္ဍာရေးမှူး (၁) ဦးတို့ကို ရွေးချယ်မည်ဖြစ်သည်။

ICNCC ၏ ချင်းပြည်အစိုးရ၊ လွှတ်တော်၊ တရားရေး စသည့် မဏ္ဍိုင် (၃)ရပ်တို့ကို တဖြည်းဖြည်းချင်း ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ပြီး အလျင်အမြန် ဖွဲ့စည်းမည် မဟုတ်ကြောင်း ဒေါက်တာ ကင်တန်က ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.