• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»IEC အဖွဲ့မှ မီဇိုရမ်ပြည်နယ်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့်ပိတ်ဆို့

IEC အဖွဲ့မှ မီဇိုရမ်ပြည်နယ်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့်ပိတ်ဆို့

0
By Editor on May 20, 2019 Headline

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့မှတဆင့် တဖက်မီဇိုရမ်ပြည်နယ်သို့တင်ပို့သော မြန်မာကုန်ပစ္စည်းအများကို Importer & Exporter Code Holder (IEC) Association of Mizoram အဖွဲ့က ပြီးခဲ့သည့် မေလ (၁၅) ရက်နေ့ကစပြီး အိုက်ဇောလ်မြို့အဝင် Zemabawk တွင် စတင်ပိတ်ဆို့ကြောင်း သိရသည်။

ယခုလို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်အဝင်၌ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ဆို့ခြင်းအပေါ် မည်မျှအချိန် ကြန့်ကြာမည်ကို မသိရှိရကြောင်း ချင်းအမျိုးသမီးကုန်သည်တစ်ဦးက ခုလိုပြောပါသည်။

“နယ်စပ် ဇိုးခေါထားမှာ ပိတ်တာမဟုတ်ဘဲနဲ့၊ အိုက်ဇောလ်မြို့အဝင် Zemabawk မှာ ပိတ်တာဖြစ်တယ်။ ခရီးသည်တွေတော့ သွားလို့ရတယ် အဓိကအားဖြင့် ကုန်ပစ္စည်းကိုဘဲ ပိတ်တာဖြစ်တယ်။ နယ်စပ်ကနေ ကုန်ပစ္စည်းသယ်ဆောင်ခြင်းရှိမရှိကို Zemabawk ကနေ စောင့်ကြည့်နေကြတယ်။ ဘယ်အချိန်အထိ ပိတ်ဆို့သွားမည်ကိုတော့ မသိရဘူး” လို့ ပြောပါသည်။

ခုလို Importer & Exporter Code Holder (IEC) Association of Mizoram အဖွဲ့မှ ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ဆို့သည့်အတွက် နယ်စပ်ရှိ ကုန်တင်ကုန်ချအလုပ်သမားများ လုပ်ငန်းမရှိသည့်အတွက် အခက်တွေ့ကြုံနေကြရကြောင်း ဆက်ပြောသည်။

“နယ်စပ် ဇိုးခေါထားကိုတော့ ကုန်ပစ္စည်းတွေ ဝင်လို့ရတယ်။ သို့သော် အိုက်ဇောလ်အဝင်မှာ IEC အဖွဲ့က ပိတ်ဆို့လိုက်တော့ ကုန်ပစ္စည်းတင်သွင်းခြင်းကို ရပ်နားလိုက်ရတဲ့တယ်။ ကုန်တင်ကုန်ချသမားတွေလည်း အလုပ်မရှိတော့ ပြန်ကုန်ကျတယ်” လို့ ချင်းအမျိုးသမီးကုန်သည်တစ်ဦးက ဆက်ပြောသည်။

ချင်းပြည်နယ် ရိခေါဒါရ်မြို့မှတဆင့် တဖက် မီဇိုရမ်ပြည်နယ်သို့ တင်ပို့သော ကုန်ပစ္စည်းအများစုသည် ကုန်သွယ်ခွင့်လိုင်စင်မရှိဘဲ တရားမ၀င်ကုန်သွယ်မှုကို ကြပ်မတ်ဆောင်ရွက်သည့် Importer & Exporter Code Holder (IEC) Association of Mizoram အဖွဲ့၏ လုပ်ရက်သည် သူတို့အကျိုးအမြတ်ရဖို့အတွက်သာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ကုန်သည်များအတွက် ကုန်သည် လုပ်ငန်းများ ထိခိုက်လာနိုင်ကြောင်း ချင်းအမျိုးသမီး ကုန်သည်တစ်ဦးက ယခုလို ဆက်ပြောသည်။

“တရားမဝင်လို့ပြောနေပေမယ့် ကျမတို့ကတော့ နားလည်မှုနဲ့သွားတာဖြစ်တယ်။ Custom တွေနဲ့ ပြေလည်လုပ်ပြီး Zokhawthar to Champhai, Champhai ကနေ Custom အဲလို တဆင့်ချင်းဆီးသွားတာဖြစ်တယ်။ အစိုးရကလည်း သိတယ်။ ဒါပေမယ့် သူတို့ပြောတဲ့ တရားဝင် ဆိုတဲ့အရာက သူတို့အခေါ်နဲ့ Chalan ဆိုပြီးခေါ်ကြတယ်။ အဲဒါကို ရှိဖို့လိုအပ်တော့မှာ ဖြစ်တယ်။ အဲဒီ Chalan မှာ ကိုယ်ယူတဲ့ကုန်ပစ္စည်းအမျိုးအစားနာမည်တွေ အကုန်ရေးပြီးတော့မှ ရာခိုင်နှုန်းနဲ့ ဖြတ်တော့မှာဖြစ်တယ်။ အဲဒီလို ရာခိုင်နှုန်းနဲ့ဖြတ်မယ်ဆိုရင် ကုန်သည်တွေအတွက်ကတော့ အကျိုးအမြတ်ရှိတော့မှာမဟုတ်ဘူး။ အတော်လေး ထိခိုက်လာနိုင် တယ်။ အဲဒါကြောင့် တဖက်ကနေ ကြည့်မယ်ဆိုရင် IEC ရဲ့ ရပ်တည်ချက်ဟာ ကုန်သည်တွေအတွက် အကျိုးရှိသလို ထင်နေရပေမယ့် တဖက်မှာ သူတို့အကျိုးအမြတ် ရဖိုအတွက်ဘဲ လုပ်ဆောင်နေတဲ့သဘောလို့ ကုန်သည်များကတော့ မြင်တယ်။” လို့ ဆက်ပြောသည်။

Importer & Exporter Code Holder (IEC) Association of Mizoram အဖွဲ့မှ ခုလို ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ဆို့နေစဉ်တွင် ကုန်ပစ္စည်းတင်သွင်းမှုများ ရှိလာပါက ရက်အကန့်အသတ်မရှိ ပိတ်ဆို့သွားဖွယ်ရှိနေကြောင်း သိရသည်။

Importer & Exporter Code Holder Association of Mizoram အဖွဲ့မှ ဧပြီလ ၂၄ ရက်နေ့က အိုင်ဇောလ်မြို့တွင် သတင်းရှင်းလင်းပွဲပြုလုပ်ပြီး မီဇိုရမ်သို့ ကုန်ပစ္စည်းတင်သွင်းကြသည့် ကုန်သည်အများစုသည် အိန္ဒိယအစိုးရ အသိအမှတ်ပြု သွင်းကုန်ထုတ်ကုန်လိုင်စင်မရှိကြသည့်အပြင် အစိုးရထံ၌လည်း စနစ်တကျအခွန်ပေးဆောင်မှုမရှိအတွက် နစ်နာမှုရှိသည်ဟု ပြောသည်။

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ကုန်ပစ္စည်းတင်ပို့သော မြန်မာ ကုန်သည်အ များစုမှာ မီဇိုရမ်အစိုးရအသိအမှတ်ပြု ကုန်သည်လိုင်စင်မရှိသူများဖြစ်သည့်အပြင် နယ်စပ်ဂိတ်တွင်လည်း တရားဝင် ကုန်သွယ်မှုမျိုးမရှိဘဲ ပြေလည်သဘောမျိုးဖြင့် သွားလာသည့်ကိစ္စများကို တရားဝင်ဖြစ်အောင် ဆောင်ရွက်ချင်သည့်သဘော ဖြစ်နိုင်သည်ဟု အများက သုံးသပ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.