• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»MRRC အဖွဲ့မှ အိန္ဒိယရူပီ တစ်သိန်းကျော်ဖိုး အစားအသောက်များအား မြန်မာစစ်ဘေးရှောင်စခန်း ၃ ခုတွင် သွားရောက်ထောက်ပံ့ပေးခဲ့

MRRC အဖွဲ့မှ အိန္ဒိယရူပီ တစ်သိန်းကျော်ဖိုး အစားအသောက်များအား မြန်မာစစ်ဘေးရှောင်စခန်း ၃ ခုတွင် သွားရောက်ထောက်ပံ့ပေးခဲ့

0
By Editor on November 9, 2022 Khonumthung

မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ MRRC-M မှ အိန္ဒိယငွေ ၁၃၀,၀၀၀/- ဖိုး အစားသောက်များကို ကျိမ်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃ ခုတွင် သွားရောက်ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ကျိမ်ဖိုင်းခရိုင်ရှိ အိုင်သီအိုင်စခန်း, ဇောသဲစခန်းနင့် ဇောလ်စီယ်စသော ဒုက္ခသည်စခန်းတွင် မြန်မာစစ်ဘေးရှောင် ၄၀၀ ကျော်ခန့်ရှိပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) မှ အစားသောက်များကို သွားရောက်ကူညီပံ့ပို့ခဲ့သည်။

မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) သည် မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး အလှူရှင်များနင့် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအကြား ဆက်စပ်ပေးသော၊ လူမျိုး/ဘာသာမခွဲခြားဘဲ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသည့် စေသနာ့ဝန်ထမ်း အဖွဲ့စည်းတစ်ခုဖြစ်သည်။

၎င်းအဖွဲ့စည်း စတင်ဖွင့်လင့်သောအချိန်မှစပြီး တစ်နှစ်ကျော်ကြာကာလအတွင်း အိန္ဒိယငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိသည့် အစားသောက်များနင့် အဝတ်အစားများအပါဝင် အခြားအခြားသော ကူညီထောက်ပံ့မှုများလည်း ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လာမည့်နှစ် အစပိုင်းတွင်လည်း Mizoram Project မှ အစားအသောက်များနင့် အဝတ်ထည်များကို ထောက်ပံ့မှုပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အခုလို အစားသောက်များ ကူညီပေးကမ်းမှုတွင် ကျိမ်ဖိုင်းခရိုင်ရှိ လူငယ်များအသင်းဖြစ်‌သော (YMA) မှတစ်ဆင့် ပူးပေါင်းပေးကမ်းခြင်းဖြစ်ကြောင်းသိရပြီး နေရာတိုင်းရှိ ဒုက္ခသည်စခန်းများကိုလည်း သွားရောက်ကူညီပေးကမ်းသွားမှာဖြစ်ကြောင်း သိရှိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.