ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက် Network for Chin Community Development (NCCD) က ချင်းပြည်သူများအတွက် အခြေခံလူထုဖွံ့ဖြိုးရေး ရက်တိုသင်တန်းကို မတ်လ (၂၈) မှ ဧပြီလ (၁) ရက်နေ့ထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ/သင်တန်းသား အယောက် (၃၀) ဦး ပါဝင်နိုင်ခဲ့ပြီး သင်တန်းတွင် အခြေခံဖွံ့ဖြိုးရေးအကြောင်း၊ လူ့အခွင့်အရေး၊ ချင်းနိုင်ငံရေးသမိုင်း၊ ပြည်သူများသိသင့်သိထိုက်သော မီဒီယာအကြောင်း၊ လက်ရှိမြန်မာရေးအခြေနေ၊ မြန်မာတောင်သူလယ်သမားအကြောင်း၊ Need Assessment၊ စီမံကိန်းကြီး ကြပ်ကွပ်ကဲခြင်းနှင့် မဟာဗျူဟာရေးဆွဲခြင်းစသည်များကို သင်ကြားပို့ချနိုင်ခဲ့ကြသည်ဟု NCCD ကထုတ်ပြန်သည်။
ထို့ပြင် ထန်တလန်မြို့နယ်၊ Sopum ကျေးရွာနှင့် Tahtlang ကျေးရွာများတွင် လူထုဖွံ့ဖြိုးရေးစီမံကန်းကိုလည်း ချပေးနိုင်ခဲ့သည်ဟု ဆိုသည်။
NCCD သည် ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ချင်းမြေယာမူဝါဒဥပဒေများအပြင် ကျေးလက်ဒေသမှ ချင်းပြည်သူများအတွက် အခြေခံလိုအပ်ချက်များ ကူညီပံ့ပိုးခြင်းနှင့် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် ပံ့ပိုးကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။