ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ပီးကျေးရွာတွင် Network for Chin Community Development (NCCD) ၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာလ (၂၃-၂၄)ရက်နေ့က ကွန်ယက်စီမံကိန်းနှင့် ရပ်ရွာအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းအလုပ်ရုံဆွေးနွေး ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ယင်းဆွေးနွေးပွဲတွင် တလန်လိုး၊ တလန်ပီး၊ လုံဒိန်း၊ ဗန်ဇံ၊ ဖါရ်ရောန်၊ ဆိုပုမ်ကျေးရွာတို့မှ ကိုယ်စားလှယ် ကျား(၂၈)၊မ(၁၀) စုစုပေါင်း(၃၈)ဦး ပါဝင်တက်ရောက်နိုင်ခဲ့ြ့ပီး ကျေးရွာများစုပေါင်းပြီး ကွန်ယက်စီမံကိန်းကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ရပ်ရွာ အခြေပြုဖွံဖြိုးရေးစီမံကိန်းအကြောင်းများဆွေးနွေးပို့ချခဲ့ကြသည်ဟုသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် လက်ရှိစီမံကိန်းများအခြေအနေ၊ သဘာဝပတ်ဝန်းကျင်ကိစ္စ၊ ချင်းမြေယာမူဝါဒအကြောင်း၊ လက်ရှိ မြန်မာ နိုင်ငံရေးအခြေအနေ၊ အခြေခံဖွံ့ဖြိုးရေးအကြောင်း၊ ကျား/မတန်းတူရေးအကြောင်း၊ ပုဂ္ဂိုလ်လုံခြုံရေးအကြောင်းများ လည်းဆွေးနွေးနိုင်ကြပြီး ရှေ့လုပ်ငန်းစဉ်များလည်းချမှတ်နိုင်ခဲ့ကြောင်း NCCD တာဝန်ရှိသူများထံမှသိရသည်။
NCCD အနေဖြင့် အဆိုပါဒေသများတွင် Community Development စီ်မံကိန်းများနှင့် ကွန်ယက်စီမံကိန်းများ အကော င်ထည်ဖော်ဆောင်လျှက်ရှိရာ ယင်းစီမံကိန်းများကြောင့် ရပ်ရွာအတွက်အများကြီးအကျိူးပြုခဲ့သည်ကို တွေ့ခဲ့ရသည်ဟု NCCD တာဝန်ရှိသူကဆိုပါသည်။
ထို့ပြင် တလန်ပီးကျေးရွာတွင်အခြေခံဖွဲ့စည်းခဲ့သော ကွန်ယက်ကော်မတီကိုလည်းဒီမိုကရေစီစနစ်ကျရွေးကောက်ပွဲပြန်လုပ်ပြီး ကော်မတီအသစ်ရွေးချယ် နိုင်ခဲ့ပါသည်ဟုသိရသည်။