• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»NLD ၏ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုေဖာ္ေဆာင္ေရး ဖိတ္ေခၚခ်က္ ZCD အေၾကာင္းမျပန္ေသး

NLD ၏ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုေဖာ္ေဆာင္ေရး ဖိတ္ေခၚခ်က္ ZCD အေၾကာင္းမျပန္ေသး

0
By Editor on December 18, 2020 Khonumthung

#Unicode

By လားနွန် – အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ၏ နောင်အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီမှကြိုဆိုသော်လည်း အကြောင်းပြန်ခြင်းမရှိသေးကြောင်း ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။

“အခုထိတော့ ကျနော်တို့ အကြောင်းမပြန်သေးပါဘူး ဒါပေမဲ့ ကျနော်တို့က UNA နဲ့ လုပ်တော့ UNA ရဲ့ သဘောထား ပေါ်မှာမူတည်လိုက်မယ် စာကြောင်းအရ သဘောတော့တူပါတယ် ဒါပေမဲ့ ကျနော်တို့က မဟာမိတ်နဲ့အလုပ်လုပ်တာ ဆိုတော့လေ ဒီတိုင်းပြောဆိုလို့မကောင်းဘူး ကျနော်တို့ UNA မှာပါတော့ အားလုံးသဘောထားအရင်ညှိနှိုင်းမယ်လေ တစ်ယောက်တစ်ပေါက်မလုပ်ဘူး အကြောင်းပြန်မယ်ဆိုလည်း UNA ပေါ်မှာမူတည်မယ် UNA ကအစည်းဝေးခေါ်မှာကိုး အဲချိန်ကြမှသိမယ်” ဟု ပူးဂင်ကမ်းလျန်ကပြောသည်။

ZCD ပါတီသည် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိူးများမဟာမိတ် (UNA) အဖွဲ့ဝင်ဖြစ်သည့်အလျောက် NLD ပါတီ၏ ကမ်းလှမ်းချက်ကို သီးခြားအကြောင်းပြန်မည်မဟုတ်ဘဲ UNA အနေဖြင့်သာ အကြောင်းပြန်သွားရန်ရည်ရွယ် ခြင်းဖြစ်သည်။

UNA တွင် ZCD အပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ (၁၃) ဖွဲ့ပါဝင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးခဲ့သည့် လေးရက်မြောက် နေ့ နိုဝင်ဘာ (၁၂) ရက်နေ့က “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့်ခေါင်းစဉ်ဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီ (၄၈) ခုထံသို့ စာပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါပေးပို့သည့်စာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြ သည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွ က်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုအရေးကို တက်တက်ကြွကြွပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

NLD ပါတီ၏ ဖိတ်ကြားခံရမှုနှင့် ပတ်သက်ပြီး ဇိုမီဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး ပူးဂင်ကမ်းလျန်က “ကောင်းပါတယ် ဒါကျနော်တို့အခုတင်မဟုတ်ပါဘူး ဖက်ဒရယ်နဲ့ပတ်သက်လို့ ဟိုး (၁၉၆၁) တောင်ကြီးညီလာခံက တည်းကနေပါနေတာကိုး ကျနော်တို့က အဲဒါ နှစ်ပေါင်း (၆၀) ကျော်ပေမဲ့ အကောင်အထည်မဖော်နိုင်သေးဘူး ဒါကို ကျနော်တို့ကတော့ စိတ်ဝင်စားတာပေါ့ ကျနော်တို့ပါတီထောင်တာလည်း အဓိကဒါပါပဲ” ဟု ပြောသည်။

ဇိုမီဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ZCD) သည် ၂၀၂၀ ထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းတွင် မဲဆန္ဒနယ် (၁) နေရာ ချင်းပြည်နယ်တွင် မဲဆန္ဒနယ် (၉) နေရာဝင်ပြိုင်ခဲ့ပြီး ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ မဲဆန္ဒနယ် (၂) နေရာသာရရှိခဲ့သည်။

#Zawgyi

By လားႏြန္ – အမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (NLD) ပါတီ၏ ေနာင္အနာဂတ္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုေဖာ္ေဆာင္းေရး ဖိတ္ ေခၚခ်က္ႏွင့္ပတ္သက္၍ ဇိုမီဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ZCD) ပါတီမွႀကိဳဆိုေသာ္လည္း အေၾကာင္းျပန္ျခင္းမရွိေသးေၾကာင္း ZCD ပါတီအတြင္းေရးမွဴး ပူးဂင္ကမ္းလ်န္ကေျပာသည္။ 

“အခုထိေတာ့ က်ေနာ္တို႔ အေၾကာင္းမျပန္ေသးပါဘူး ဒါေပမဲ့ က်ေနာ္တို႔က UNA နဲ႔ လုပ္ေတာ့ UNA ရဲ႕ သေဘာထား ေပၚမွာမူတည္လိုက္မယ္ စာေၾကာင္းအရ သေဘာေတာ့တူပါတယ္ ဒါေပမဲ့ က်ေနာ္တို႔က မဟာမိတ္နဲ႔အလုပ္လုပ္တာ ဆိုေတာ့ေလ ဒီတိုင္းေျပာဆိုလို႔မေကာင္းဘူး က်ေနာ္တို႔ UNA မွာပါေတာ့ အားလံုးသေဘာထားအရင္ညွိႏႈိင္းမယ္ေလ တစ္ေယာက္တစ္ေပါက္မလုပ္ဘူး အေၾကာင္းျပန္မယ္ဆိုလည္း UNA ေပၚမွာမူတည္မယ္ UNA ကအစည္းေ၀းေခၚမွာကိုး အဲခ်ိန္ၾကမွသိမယ္” ဟု ပူးဂင္ကမ္းလ်န္ကေျပာသည္။

ZCD ပါတီသည္ စည္းလံုးညီၫြတ္ေသာ တိုင္းရင္းသားလူမ်ဴိးမ်ားမဟာမိတ္(UNA) အဖြဲ႔၀င္ျဖစ္သည့္အေလ်ာက္ NLD ပါတီ၏ ကမ္းလွမ္းခ်က္ကို သီးျခားအေၾကာင္းျပန္မည္မဟုတ္ဘဲ UNA အေနျဖင့္သာ အေၾကာင္းျပန္သြားရန္ရည္ရြယ္ ျခင္းျဖစ္သည္။ UNA တြင္ ZCD အပါအ၀င္ တိုင္းရင္းသားႏိုင္ငံေရးပါတီ (၁၃) ဖြဲ႔ပါ၀င္သည္။ 

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီမွ ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲက်င္းပၿပီးစီးခဲ့သည့္ ေလးရက္ေျမာက္ ေန႔ ႏို၀င္ဘာ (၁၂) ရက္ေန႔က “ေနာင္အနာဂတ္ျမန္မာႏိုင္ငံအတြက္ ေရွးရႈရမည့္ ျပည္ေထာင္စုအေရးကိစၥ” ဆိုသည့္ ေခါင္းစဥ္ျဖင့္ တိုင္းရင္းသားႏိုင္ငံေရးပါတီ (၄၈) ခုထံသို႔ စာေပးပို႔ခဲ့ေၾကာင္းသိရသည္။

အဆိုပါေပးပို႔သည့္စာထဲတြင္ တိုင္းရင္းသားပါတီမ်ား၏ ရည္မွန္းခ်က္မ်ားသည္ အဖြဲ႕ခ်ဳပ္၏ ရည္မွန္းခ်က္မ်ားႏွင့္ တူညီၾက သည္ျဖစ္ရာ အဖြဲ႕ခ်ဳပ္အေနျဖင့္ ေနာင္အနာဂတ္တြင္ တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလးထားေဆာင္ရြ က္သြားမည္ျဖစ္ေၾကာင္း၊ တိုင္းရင္းသားပါတီမ်ားအေနျဖင့္လည္း အဖြဲ႕ခ်ဳပ္က ေဖာ္ေဆာင္မည့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ ေထာင္စုအေရးကို တက္တက္ႂကြႂကြပူးေပါင္းပါ၀င္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေဖာ္ျပထားသည္။

NLD ပါတီ၏ ဖိတ္ၾကားခံရမႈႏွင့္ ပတ္သက္ၿပီး ဇိုမီဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ အတြင္းေရးမွဴး ပူးဂင္ကမ္းလ်န္က “ေကာင္းပါတယ္ ဒါက်ေနာ္တို႔အခုတင္မဟုတ္ပါဘူး ဖက္ဒရယ္နဲ႔ပတ္သက္လို႔ ဟိုး (၁၉၆၁) ေတာင္ႀကီးညီလာခံက တည္းကေနပါေနတာကိုး က်ေနာ္တို႔က အဲဒါ ႏွစ္ေပါင္း (၆၀) ေက်ာ္ေပမဲ့ အေကာင္အထည္မေဖာ္ႏိုင္ေသးဘူး ဒါကို က်ေနာ္တို႔ကေတာ့ စိတ္၀င္စားတာေပါ့ က်ေနာ္တို႔ပါတီေထာင္တာလည္း အဓိကဒါပါပဲ” ဟု ေျပာသည္။

ဇိုမီဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (ZCD) သည္ ၂၀၂၀ ေထြေထြေရြးေကာက္ပြဲတြင္ စစ္ကိုင္းတိုင္းတြင္ မဲဆႏၵနယ္ (၁) ေနရာ ခ်င္းျပည္နယ္တြင္ မဲဆႏၵနယ္ (၉) ေနရာ၀င္ၿပိဳင္ခဲ့ၿပီး ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္မွာ မဲဆႏၵနယ္ (၂) ေနရာသာရရွိခဲ့သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.