• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»PDF (Kalay) တပ်ရင်း (၃) စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းသိမ်းပိုက်

PDF (Kalay) တပ်ရင်း (၃) စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းသိမ်းပိုက်

0
By Editor on April 14, 2022 Headline

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြောက်ဘက်တွင်တည်ရှိသော PDF (Kalay) တပ်ရင်း (၃) စခန်းတစ်ခုကို ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ အင်းအားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း သိမ်းပိုက်လိုက်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းက PDF (Kalay) တပ်ရင်း (၃) စခန်းအခြေစိုက်ရာကို ချင်းပြည်နယ်ဘက်က ခြေလျင်နှင့်ပတ်လာပြီး ဝင်ရောက်တိုက်ခိုက်ရာတွင် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် စခန်းကိုစွန့်လွှတ်လိုက်ရသည်ဟု PDF (Kalay) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ PDF (Kalay) တပ်ရင်း ၃ ရဲ့အခြေစိုက်စခန်းကို ဝင်ရောက်စီးနင်းသိမ်းပိုက်ခံရတာပါ၊ မနေ့ကမနက်ပိုင်း ၉ နာရီခွဲပတ်ဝန်းကျင်လောက်ကစပြီးတော့မှ ဝင်ရောက်စီးနှင်းခံရတယ် ခုခံကာကွယ်မှုတွေရှိပေမယ့် စခန်းကိုစွန့်ခွါလိုက်ရတယ်” ဟု ၎င်းကပြောသည်။

ယမန်နေ့ကဖြစ်ပွားသည့် အဆိုပါတိုက်ပွဲတွင် PDF (Kalay) တပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ယနေ့မနက်ပိုင်းတွင်လည်း ကလေးမြို့မြောက်ဘက် ပြည်တော်သာ၊ အင်ကြင်းခုံနှင့် လက်ပံချောင်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းဌာနမှာတော့ ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာ အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ PDF (Kalay) တပ်ရင်းစခန်းအား လုံခြုံရေးအဖွဲ့များမှရှင်းလင်းစဉ် ၁ လုံးထိုးခါးချိုးသေနတ် ၁၁ လက်၊ ၂ လက်မစိန်ပြောင်း ၁ လက်၊ စိန်ပြောင်းဗုံးသီး ၅ လုံး၊ RPG ဗုံးသီး ၄ လုံး၊ ၁၂ ဗို့ကျဉ် ၂၇၀၀ တောင့်၊ AK-47 ကျည် ၅၀ တောင့်၊ လက်လုပ်မိုင်း ၂၅ လုံး၊ လက်လုပ် လက်ပ စ်ဗုံး ၈ လုံး၊ လျှပ်စစ်ဒီတိုနေတာ ၂၀ ခု၊ မီးစက်အကြီး ၁ လုံး၊ အိုင်ကွန် ၁ လုံး၊ တဲမျိုးစုံ ၂၂ လုံး၊ လင့်စင် ၁ ခုနှင့် လက်လုပ်မိုင်းပြုလုပ်သည့်သံတိုသံစ (ပီနံအိတ်) ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.