Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZRA- EC ကို စစ်ကောင်စီအောက်မှ ရုန်းထွက်ပြီး ချင်းပူးပေါင်းတပ်များကို နှောက်ယှက်ပစ်ခတ်ခြင်း မပြုလုပ်ရန် CNF သတိပေး

ZRA- EC ကို စစ်ကောင်စီအောက်မှ ရုန်းထွက်ပြီး ချင်းပူးပေါင်းတပ်များကို နှောက်ယှက်ပစ်ခတ်ခြင်း မပြုလုပ်ရန် CNF သတိပေး

0
By Editor on May 10, 2024 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားသည့် ZPCC/ ZRA (EC) အနေဖြင့် စစ်ကောင်စီ လောင်းရိပ်အောက်မှ အချိန်မှီ ရုန်းထွက်ပြီး စစ်အာဏာရှင် ချေမှုန်းရေးတိုက်ပွဲတွင် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်မှု မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦးက သတိပေးထုတ်ပြန်သည်။

မေလ ၉ ရက်က “ZPCC/ ZRA (Eastern Command) ၏ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှု နှင့် ပတ်သက်၍ ရှင်းလင်းချက်” ထုတ်ပြန် ခြင်းတွင် ချင်းအမျိုးသားတပ်ဦးက ပြောကြားခြင်းဖြစ်သည်။

CNF ၏ ထုတ်ပြန်ချက်တွင် အချက် ၃ ချက် တောင်းဆိုထားသည်၊၊ ပထမအချက်မှာ ZRA – EC အနေဖြင့် စစ်အာဏာရှင် လောင်းရိပ် အောက်မှ အချန်မှီ ရုန်းထွက်ပြီး လူသား အန္တရာယ်ပြု မူးယစ်ဆေးဝါးနှင့် ပတ်သက်မှု၊ ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ဖျက်ဆီးမှု မပြုလုပ်ရန် ဖြစ်သည်။

ဒုတိယအချက်မှာ CNA နှင့် ပူးပေါင်းတပ်ဖွဲ့၏ စစ်အာဏာရှင် ချေမှုန်းရေးတိုက်ပွဲတွင် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်မှု မပြု လုပ်ရန်နှင့် တတိယအချက်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေသော ဒေသ ကာကွယ်ရေးတပ်ဖွဲ့များကို ခြိမ်းခြောက် ပစ်ခတ်တိုက်ခိုက်ခြင်းများ ရှောင်ရှားရန် CNF က တိုက်တွန်းထားသည်။

အကယ်၍ ZRA – EC အနေဖြင့် တစုံတရာ ကျူးလွန်းမှု ရှိလာပါက မလွှဲသာ မရှောင်သာ တုံ့ပြန်သွားမည်ဟု ချင်းအမျိုးသား တပ်ဦးက အတိအလင်း ထုတ်ပြန်ထားသည်။

ZPCC/ ZRA (EC) နှင့် စစ်ကောင်စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးတို့သည် ၂၀၂၁ ဒီဇင်ဘာလ ၁၄ ရက် ရိဒ်ခေါဒါရ်မြို့တွင် တွေ့ဆုံခဲ့ပြီး ZRA – EC ကို နယ်ခြားစောင့်တပ် (BGF) အဖြစ် အသိအမှတ်ပြုရေး ဆွေးနွေးခဲ့ကြောင်း CNF က ထုတ်ပြန်သည်။

တီးတိန်အခြေစိုက် ခလရ ၂၆၈ နှင့် အကြိမ်ကြိမ် တွေ့ဆုံမှု ပြုလုပ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှာ အချက် (၇) ချက် ပါဝင်သော အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ကြောင်း CNF က ဓါတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ယင်းအချက်များမှာ (၁) Zogam Charter ရေးဆွဲနိုင်ရေး စစ်ကောင်စီမှ ဦးဆောင်ပေးရမည်၊ (၂) Zomi State တည်ထောင်နိုင်ရေး စစ်ကောင်စီမှ ကူညီပံ့ပိုးရမည်၊ (၃) ZRA ကို နယ်ခြားစောင့်တပ် (BGF)အဖြစ် အသိအမှတ် ပြုရမည်၊ (၄) ZPCC/ ZRA ကို တီးတိန်နှင့် တွန်းဇံတွင် လွတ်လပ်စွာ လှုပ်ရှားခွင့် ပြုရမည်ဟူ၍ ဖြစ်သည်။

ထို့အပြင် (၅) တီးတိန်နှင့် တွန်းဇံ မြို့နယ်ရှိ PDF၊ CDF တို့ကို ZPCC/ ZRA က အမြစ်ပြတ် ရှင်းလင်းပြီး ကလေး၊ ကဘော်၊ တမူးရှိ အဖွဲ့အစည်းများကိုလည်း တိုက်ထုတ်ရမည်၊ (၆) ZPCC/ ZRA က CDM ပြုလုပ်သူများကို ဖမ်းဆီးရမည်၊ (၇) ZPCC/ ZRA က CNF၊ CDF၊ PDA တို့ကို ပြည်သူများ အထင်မှားအောင် ဇာတ်လမ်းအမျိုးမျိုးဆင် နာမည်ဖျက်ပြီး ရန်သူကဲ့သို့ သဘောထား တိုက် ခိုက်ရမည်ဟူ၍ ဖြစ်သည်ဟု CNF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဤကဲ့သို့ သဘောတူညီမှု ရရှိထားသည်ဟူ၍ CNF ၏ ထုတ်ပြန်မှုနှင့် ပတ်သက်၍ ZPCC/ ZRA တပ်ဖွဲ့ကို အတည်ပြု မေးမြန်း နိုင်ရန် ယနေ့တွင် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

သို့သော် ၂၀၂၃ ၊ စက်တင်ဘာလက ZRA (EC) ၏ ယာယီပြောရေးဆိုခွင့်ရှိသူ Sr. JK နှင့် ခိုနုမ်းသုန် သတင်းဌာန အင်တာဗျူးတွင် နယ်ခြားစောင့်တပ်အဖြစ် လက်မခံထားကြောင်း၊ အပစ်ရပ် စာချုပ်အဖြစ် မထိုးထားကြောင်း၊ အွန်လိုင်းတွင် ပျံနှံ့နေသော အရာမှာလည်း တစုံတဦးက Fake အကောင့်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖြေကြားထားသည်။

“စစ်ကောင်စီနဲ့လည်း အခုချိန်ထိ တစ်ခါမှ လူချင်းတွေ့ပြီးတော့ စကား ပြောဆိုထား ခြင်း မရှိသလို၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် စကား ပြောဆိုထားခြင်းမရှိသေးပါဘူး၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ စစ်ရေးအရ ပဲဖြစ်ဖြစ် ပူးပေါင်းတာလည်း မရှိသေးသလို နောက်နှောင် လည်း ပူးပေါင်းမှာမဟုတ်သလို အခုပြောတဲ့ အဲ့ဒီထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်ဘာညာဆိုတာတွေကလည်း ကျွန်တော်တို့ မကြိုက်ပါဘူး။ ကျွန်တော်တို့ စစ်ကောင်စီနဲ့တော့ နိုင်ငံရေး ပဲဖြစ်ဖြစ် အပစ်ခတ်စာချုပ်နဲ့ပဲဖြစ်ဖြစ် တစ်ခုမှလည်း ထိုးထားခြင်း မရှိသေးပါဘူး” ဟု Sr. JK က ခိုနူမ်းသုန်သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ZRA – EC သည် ၂၀၂၃ ဒီဇင်ဘာလက စစ်ကောင်စီ ကျင်းပသော “Sweet December” ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူပေးခဲ့သည့်ဓါတ်ပုံများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ပူးဂင်ခန့်လျန်ကို စစ်ကောင်စီက ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်မှုကိုလည်း ZRA က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ZRA – EC သည် အဖွဲ့ရပ်တည်နိုင်ရေးအတွက် တွန်းဇံမြို့နယ် Phaisat, Suang hoih, Selmei, Malpi ရွာတို့၏ သစ်တော ကြိုး ဝိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို အခွန်ဆောင်ပြီး ဧကပေါင်းများစွာသော ဘိန်းခင်း ပိုင်ဆိုင်ထားသည့်အပြင် ဒေသခံပြည်သူ များကိုလည်း ဘိန်းစိုက်ပျိုးခွင့်ပြု၍ အခွန်ကောက်ကြသည်ဟု CNF က ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် ပတ်သက်၍ ZRA – EC ထံကို တုံ့ပြန်ချက် ရရှိရန် ဖုန်းဖြင့် ဆက်သွယ် သော်လည်း မရသေးပါ။ ခိုနူမ်းသုန်အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

တော်လှန်ရေး ၃ နှစ်တာတွင် ZRA – EC သည် စစ်ကောင်စီနှင့် ပူးပေါင်း၍ CNA အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များကို (၆) ကြိမ်တိုင်တိုင် တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း CNF က ထုတ်ပြန်သည်။

ထို့အပြင် ချင်းတော်လှန်ရေးအင်အားစုများ၏ စစ်ကောင်စီ ချေမှုန်းရေး စစ်ကြောင်းတိုင်းတွင် စကစနှင့် ပူးပေါင်း၍ တိုက်ခိုက် ပစ်ခတ် နှောင့်ယှက်မှုများကို လက်ရှိအချိန်အထိ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ZRA (EC) ၏ ယာယီပြောရေးဆိုခွင့်ရှိသူ Sr. JKကတော့ CDF – တွန်းဇံ၏ စခန်းများကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက် ခိုက်ခြင်း မဟုတ်ဘဲ ၎င်းတို့အဖွဲ့အစည်းတစ်ခုတည်းကသာ သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ခိုနူမ်းသုန်နှင့် အင်တာဗျူးတွင် ယခင်ကဖြေကြားဖူးသည်။

၁၉၉၃ တွင် စတင်ဖွဲ့စည်း၍ စစ်ရေးလှုပ်ရှားခဲ့သော ZRO/ ZRA သည် ၂၀၀၅ ခုနှစ်တွင် အိန္ဒိယအစိုးရနှင့် သဘောတူညီချက်အရ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်၍ မဏိပူရ်ပြည်နယ်တွင် အခြေစိုက်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ZPCC/ ZRA ၏ မြန်မာပြည်ခွဲ အဖွဲ့အစည်းအဖြစ် ZPCC/ ZRA (EC) အနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး တွန်းဇံမြို့၊ ကျီခါးမြို့ နှင့် တီးတိန်မြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားကြောင်း သိရသည်။

ZRA – EC ၏ နိုင်ငံရေး ရည်မှန်းချက်သည် ချင်းပြည်နယ်မြောက်ပိုင်းမှ တီးတိန်၊ တွန်းဇံနှင့် စစ်ကိုင်းတိုင်း ကလေး- ကဘော်ဒေသတို့ကို စုစည်းပြီး မြန်မာနိုင်ငံတွင် သီးသန့် ဇိုမီးပြည်နယ် ရရှိရေးဖြစ်သည်ဟုသိရသည်။

အိန္ဒိယအခြေစိုက် ZRO/ ZRA နှင့် ချင်းပြည်အတွင်းက ZRA – EC တို့၏ အန္တိမ နိုင်ငံရေး ရည်မှန်းချက်မှာ မြန်မာ၊ အိန္ဒိယ နှင့် ဘင်္ဂလာရှေဒ့် (၃) နိုင်ငံမှ ဇိုမီး မျိူးနွယ်စုများကို စုစည်းပြီး ဇိုမီး နိုင်ငံ ထူထောင်ရေး ဖြစ်ကြောင်း ZRA (EC)၏ ယာယီပြောရေး ဆိုခွင့်ရှိသူ Sr. JK က ယခင် ခိုနူမ်းသုန်နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

CNA ဦးဆောင်သော ချင်းတော်လှန်ရေးပူးပေါင်းတပ်များနှင့် ZRA – EC တပ်ဖွဲ့တို့သည် တီးတိန်မြို့နယ်အတွင်း မေလဆန်းမှ စ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းပူးပေါင်းတပ်ဖွဲ့က ZRA ၏ ကင်းစခန်း (၁) ခုနှင့် အခြေချစခန်း (၁) ခုတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.