• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကန်ပက်လက်မြို့တွင် စစ်ရဟတ်ယာဉ် ၃ စီး ဆင်းသက်

ကန်ပက်လက်မြို့တွင် စစ်ရဟတ်ယာဉ် ၃ စီး ဆင်းသက်

0
By Editor on May 17, 2021 Khonumthung
မာဂရက် – ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ယနေ့ မေလ ၁၆ ရက် ညနေ ၄ နာရီခန့်က စစ်ရဟတ်ယာဉ် ၃ စီး ဆင်းသက်ခဲ့ပြီး အင်အား ၅၀ ကျော်ခန့်ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့မဘောလုံးကွင်းတွင်နေရာယူထားကြသည်ဟု သိရသည်။
“ခုနတုန်းကပဲ လေယာဉ် ၂၊ ၃ စီးလောက်ရောက်လာနေတယ်၊ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး၊ လေယာဉ်က အရှေ့ဘောလုံးကွင်းမှာ ဆိုက်တယ်၊ ရဲစခန်းကို သွားကြမလား၊ ပစ်ခတ်တာတွေရှိမလား မသေချာသေးဘူး၊ အခုအကုန်လုံးက ပြေးသူကပြေး အဲ့လိုမျိုးလုပ်နေကြတာ၊ ကျွန်တော်တို့လည်း အခုချိန် ပြောင်းရွေ့ရေးလုပ်နေကြတာ” ဟု မြို့ခံတစ်ဦးကပြောသည်။
မေလ ၁၃ ရက်နေ့ ည ၉ နာရီတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကန်ပက်လက်ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ကန်ပက်လက်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ပြည်သူများအနေဖြင့် လုံခြုံရေးအရ မြို့မဘောလုံးကွင်း၊ ရဲစခန်း နှင့် မြန်မာ့စီးပွားရေးဘဏ်ရုံး အနီးသို့ သွားလာခြင်းများ မပြုလုပ်ရန်၊ အနီးအနားတွင် နေထိုင်သော ပြည်သူများအနေဖြင့်လည်း ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းပေးနိုင်ရန်နှင့် နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအတွင်းသာ စျေးဝယ်ခြင်းများပြုလုပ်ရန် ယ​နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.