• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကလေးနှင့် တမူးမြို့နယ်တို့က စစ်ကောင်စီရဲစခန်း (၃) ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်

ကလေးနှင့် တမူးမြို့နယ်တို့က စစ်ကောင်စီရဲစခန်း (၃) ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်

0
By Editor on November 6, 2023 Headline

(002MG)

စစ်ကိုင်းတိုင်း ကလေးနှင့် တမူးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၃ ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိသည်ဟု သိရသည်။

နို၀◌င်ဘာလ ၃ ရက်နေ့မနက်အစောပိုင်းက တမူးနှင့် ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအနည်းဆုံး ၆ ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ ရဲစခန်း၊ ၀◌ိတုတ်ကျေးရွာရဲစခန်း နှင့် ကလေးမြို့နယ်ထဲက မြောက်စည်းကျေးရွာ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။

“ကလေးမြို့နယ်မှာက မြောက်စည်းသိမ်းနိုင်တယ်၊ ၀◌ိတုတ်သိမ်းနိုင်ပြီ၊ ခမ်းပတ်က တ၀◌က်ကျန်တယ် ရဲကင်းသိမ်းပြီ တပ်ကုန်းကျန်တာပေါ့ အဲဒီ ၄ နေရာမှာ ၃ ခုကတော့ သိမ်းနိုင်ပြီ” စခန်းသမ်းတိုက်ပွဲတွင်ပါ၀◌င်သော CNDF-Vakok တပ်ရင်း တာ၀န်ရှိသူကပြောသည်။

မြောက်စည်းရဲစခန်းတိုက်ပွဲသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး စစ်သုံ့ပန်း တချို့နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရာဇဂြိုလ် ရဲဘက်စခန်းကိုလည်း သိမ်း ပိုက်ကာ ထောင်သားများကိုလည်း လွှတ်ပေးခဲ့သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ခမ်းပတ်မြို့ရဲစခန်းကိုသိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့များ နောက်ထပ်တပ်စွဲထားသော တပ်ကုန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးပဲ ဆက်လက်ကြိုးစားနေဆဲဖြစ်သည်ဟု သိရသည်။ 

ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF- Vakok တပ်ရင်းမှ အသက် (၁၉) နှစ်အရွယ် Salai Thawng Tha Cung (ခ) Cung Te နှင့် RKDF မှ အသက် ၂၁ နှစ်အရွယ် ရဲဘော် မင်းခန့်နိုင် နှင့် အသက် ၁၉ နှစ်အရွယ် ရဲဘော် ဇင်မောင်ဦး၊ ရာဇဂြိုလ်ရဲဘက်စခန်းသိမ်းတိုက်ပွဲတွင် PDF-Zoland မှ အသက်(၁၈) နှစ်အရွယ် Tg.Mung Cin Muan (မုန်ကျင့်မွမ်) တို့က နိုင်ငံနှင့်လူမျိုးအတွက် အသက်ပေးလှုသွားခဲ့သည်ဟု သိရသည်။ အလားတူ ကလေး PDF တပ်ဖွဲ့ကလည်း ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်စခန်းများကို  ရှေ့ဆက်သိမ်းယူသွားနိုင်ရန် ပြင်ဆင်ထားသည် ဟု CNDF-Vakok တပ်ဖွဲ့တာ၀န်ရှိသူက ပြောသည်။

“ကျွန်တော်တို့က စခန်းတခုပြီးတခုသိမ်းဖို့အစီအစဉ်ဆွဲထားတယ်၊ သိမ်းတော့မှာပေါ့နော် တောက်လျှောက်သိမ်းမယ်။ လိုအပ်လာမယ့် ကျည်တွေကိုလည်း ကြိုတင်ပြီးမှ ပြင်ဆင်ထားပြီး၊ဖြည့်ထားတယ်။ နောက်မှာလည်း ထောက်ပို့နဲ့ဘာနဲ့ စခန်းတွေတခုပြီးတခု သိမ်းဖို့ရှိပြီ။ ပူးပေါင်းအဖွဲ့တွေလည်း အားသန်တယ်၊ စည်းလုံးကြတယ် ကျွန်တော်တို့အကုန်းလုံးအခုလက်တွေ့အကောင် အထည်ဖော်လာပြီ စခန်းသိမ်းဖို့အတွက်ကို စစ်ရေးလှုပ်ရှားနေတာဖြစ်တယ်” ဟု သူကပြောသည်။

ယခု ကလေး-တမူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး၀◌န်ကြီးဌာနကလည်း နို၀◌င်ဘာလ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ကာ အမှတ် (၁) စစ်ဒေသအတွင်းရှိ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့တွင် တပ်စွဲထားသော ရန်သူ့တပ်အထိုင်စခန်းများ၊ ရဲစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ ဒေသကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်း လက်တွဲလျက် တပြိုက်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆက်တိုက် သိမ်းပိုက်လျက် ရှိသည်ဟုဖော်ြပထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.