ကလေးမြို့တောင်ဖီလာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ချင်းလူငယ်တစ်ဦးသေဆုံး

0

ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ (၉) တွင် ယမန်နေ့ည ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ချင်းလူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တောင်ဖီလာရပ်ကွက် နယ်မြေ – ၉ ဝန်ထမ်းအိမ်ယာအနီးတွင် ယမန်နေ့ည ၉ နာရီဝန်းကျင်ခန့်တွင် သေနတ်သံများ ထွက်ပေါ်ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် ချင်းလူငယ်၏ အလောင်းကို ဒေသခံများက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

သေဆုံးသူမှာ တောင်ဖီလာရပ်ကွက် နယ်မြေ (၆) တွင် နေထိုင်သူ Salai Nung Nei Piang ဟုသိရပြီး ရုပ်အလောင်းတွင် သေနတ်ထိမှန်သည့်ဒဏ်ရာ ၄ ချက်တွေ့ရသည်ဟု သိရသည်။

တောင်ဖီလာနယ်မြေ (၉) ရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ယာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညစဉ်ကင်း စောင့်လေ့ရှိသည်ဟု သိရသည်။

Share.

About Author

Leave A Reply