• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး

ကလေးမြို့တွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး

0
By Editor on January 11, 2023 Khonumthung

ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးရှိ နေအိမ်အတွင်းမှ ပြည်သူတစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့သည်ဟု သိရသည်။

တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံလမ်းထောင့်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခန့်တွင် PDF (Kalay) တပ်ဖွဲ့၏ မြို့ပြပျောက်ကြားစစ်ဆင်ရေးတပ်ဖွဲ့ (Operation MoMo) က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးနားရှိနေအိမ်အတွင်း နေထိုင်နေေသာပြည်သူတစ်ဦး ကျည်ဆံထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။

အလားတူ ဇန်နဝါရီလမနက်ပိုင်းကလည်း PDF-Kalay မြို့ပြပျေက်ကြားစစ်ဆေးရေးတပ်ဖွဲ့ (Operation MoMo) မှ တာဟန်းရပ်ကွက်၊ ဒိုးဝန်းချောင်းလမ်းတွင် ကင်းလှည့်သွားလာသော စစ်ကောင်စီတပ်ဖွဲ့များကို အသင့်တပ်ဆင်ထားသောမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.