• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

0
By Editor on May 12, 2022 Khonumthung

ကလေးမြို့တွင် ယမန်နေ့ (မေလ ၁၀ ရက်) ည ၈ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် နေရာ (၃) နေရာတွင် CNDF နှင့် ပူးပေါင်းတပ်ဖွဲများမှ အလှစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲရာမှာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNO/CNDF သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် ကလေးမြို့၊ တောင်ဖီလာရပ်ကွက် လေးထပ်ဆောင်ဝန်ထမ်းအိမ်ယာ၊ စမ်းမြို့ရပ်ကွက်တွင်ရှိသော မူးယစ်ရုံးနှင့် တာဟန်းရပ်ကွက် နေကြာတိုက်အနီး ကင်းစောင့်နေသော စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNDF/PDF-KaLay/CSS/GRF မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တောင်ဖီလာရပ်ကွက် လေးထပ်ဆောင် ဝန်ထမ်းအိမ်ယာပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၆ ယောက်ခန့်သေဆုံးကာ စန်းမြို့ရပ်ကွက် မူးယစ်ရုံးပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်သား ၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်ဟု CNO/CNDF က ထုတ်ပြန်သည်။

ယမန်နေ့ည ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် တာဟန်းရပ်ကွက် စျေးအနီး KT ထမင်းဆိုင်အိမ်အပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အိမ်ရှင်အမျိုးသမီးနှင့် သမီးငယ်တို့ ဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.