(004SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဩဂုတ်လလယ်ပိုင်းမှစတင်ကာ မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဘက်စလုံးနီမြန်းခြင်း ရောဂါတမျိုး အဖြစ်များနေကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ မျက်စိနီးမြန်းခြင်းခံစားနေရသူများသည် နာကျင်ခြင်းမရှိဘူးဟု သိရပြီး တစ်ယောက် နှင့်တစ်ယောက် အနီးကပ်နေခြင်းမှ လည်း ကူစက်နေကြသည်ဟု ဒေသခံများက ပြောသည်။
“ကျွန်မသမီးက ကျောင်းတက်ရာကနေ မျက်စိနီရဲလာတယ်၊ တစ်ရက်လောက်ပြီးတော့ ပြန်ကောင်းသွားတယ်၊ နောက် အမျိုးသားကလဲ အပြင်သွားရာကနေ မျက်စိညောင်းပြီး နီရဲလာပြန်တယ်၊ မိသားစုတွေထဲမှာ အကြီးကောင်ကို ထပ်ကူးတယ်၊ နောက်တော့ အဖေရော ကူးလာတယ်။ အပြင်မထွက်တဲ့ ကျွန်မတော် အခု နီရဲတာမကလို့ မျက်စိတစ်ဖက်ရောင်လာတယ် အခုဆို ၂ ရက်ရှိပြီ” ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။
ထိုသို့ မျက်စိနီမြန်းခြင်းခံစားနေသူအများစုသည် မျက်စိနာခြင်းမရှိသော်လည်း နေထိုင်ရမသက်မသာဖြစ်ခြင်း၊ မျက်ရည်ထွက်ခြင်းများ ခံစားကြရပြီး တစ်ရက်၊ နှစ်ရက်နေ ပြန်လည်သက်သာသွားကြသော်လည်း အချို့မှာ ၃ ရက်နှင့်အထက် မျက်စိနီရဲပြီး ဆေးခန်းတွင် သွားရောက်ပြသသူများလည်း ရှိကြောင်း သိရသည်။
ယခုတွင် မျက်စိနီမြန်းသူ ပိုမိုများပြားလာကာ ကျောင်းများတွင် အချို့ ကလေးများ ကူးစက်ကာ နေ့တိုင်း ကျောင်းမှ ပြန်လွှတ်ပေးရသည်များလည်း ရှိကြပြီး ဘုရားကျောင်းတက်ေရာက်သူများတွင်လည်း ၄ ပုံ ၁ ပုံခန့်မှာ မျက်စိနီမြန်းခြင်းများခံစားကြရကာ မျက်စိအကာအကွယ် (နေကာမျက်မှန်) များဖြင့် တက်ရောက်ကြသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ကျန်းမာရေးပညာရှင်များ၏ အဆိုအရ မျက်စိနီမြန်းခြင်းသည် မျက်သားဖြူနှင့် မျက်ကြည်လွှာကြားရှိ သေးငယ်သည့်သွေးကြောလေးများ ဖောင်းလာရာမှ သွေးအရောက်များပြီး မျက်လုံးနီလာခြင်းဟု သိရသည်။
ထိုသို့ မျက်စိနီမြန်းခြင်းသည် တစ်ရက် မှ တစ်ပါတ် ဆယ်ရက်အထိ ဖြစ်ပေါ်နိုင်သည်။
မျက်စိနီမြန်းခြင်းအားဖြစ်စေနိုင်သည့် အချက်းများမှာ ဓါတ်မတည့်ခြင်း၊ ပြင်ပအရာဝတ္တုများ ဝင်ရောက်ခြင်း၊ ဖန်သားပြင်ပေါ်ရှည်ကြစွာ အလုပ်လုပ်ခြင်း၊ မက်စိေညာင်းခြင်း၊ မျက်လုံးခြောက်သွေ့ခြင်းများနှင့် ခရမ်းလွန်ေရာင်ခြည် ထိတွေ့မှုများခြင်း၊ မျက်စိနာခြင်း၊ ရေတိမ် သို့မဟုတ် မျက်ကြည်လွှာပေါက်ပြဲခြင်း၊ ရောဂါပိုးဝင်ခြင်း စသည့်အေကြာင်းအရာများေကြာင့် ဖြစ်တတ်သည်ဟု ဆိုသည်။
အချို့ မျက်စိနီမြန်းခြင်းများသည် ကုသရန်မလိုဘဲ ပြန်လည်ေပျာက်ကင်းသွားသော်လည်း နှစ်ရက်ထက် ကျော်ပြီး မျက်စိနီမြန်းနေခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အစိမ်းရောင်၊ အဝါရောင် မျက်ချေးထွက်ခြင်း၊ နာကျင်ခြင်းများနှင့် အလင်းရောင်မခံနိုင်ခြင်းများ ခံစားရလျှင် ဆေးဝါး ကုသမှုခံယူရန် သက်ဆိုင်ရာ ဆရာဝန်များနှင့် ပြသသင့်သည်ဟုဆိုပါသည်။
ထို့ကြောင့် မျက်လုံးကို အာရုံစိုက်ပြီး အလုပ်အလုပ်ရာတွင် မီနစ် ၂၀ အချိန်ပေးပြီး မျက်စိအနားပေးခြင်း၊ နေပူထဲသွားလျှင် နေကာမျက်မှန်တပ်ပေးခြင်း၊ ထီးဆောင်းပေးခြင်း၊ မျက်စိ ယားယံစေသော အရာများ ရှောင်ကျင်ခြင်း( ဖုန်၊ ဆပ်ပြာ အခြားသောအရာများ) စသည်များ ပြုလုပ်ပေးသင့်ပါသည်။