• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် အောက်ဆီဂျင်မလုံလောက်မှုနှင့် အချိန်မှီမကုသနိုင်မှုများကြောင့် ကိုဗစ်လူနာများ သေဆုံးနေရဟုဆို

ကလေးမြို့တွင် အောက်ဆီဂျင်မလုံလောက်မှုနှင့် အချိန်မှီမကုသနိုင်မှုများကြောင့် ကိုဗစ်လူနာများ သေဆုံးနေရဟုဆို

0
By Editor on June 15, 2021 Khonumthung
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကိုဗစ်ကူးဆက်ခံရမှုကြောင့် လက်ရှိအချိန်ထိ (၃၆) ဦး သေဆုံးသွားပြီဖြစ်ပြီး အောက်ဆီဂျင်မလုံလောက်မှုနှင့် အချိန်မှီမကုသနိုင်မှုများကြောင့် သေဆုံးမှုများရှိနေကြောင်း သိရသည်။
ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအမှားစုမှာ အောက်စီဂျင်လုံလောက်မှုမရှိခြင်းကြောင့် အများဆုံးသေဆုံးခဲ့ရပြီး လူငယ်ပိုင်းထက်အသက်ကြီးပိုင်းများဖြစ်နေကြောင်း သိရသည်။
“အောက်ဆီဂျင်မလောက်တာလည်းဖြစ်တယ် ဒါပေမဲ့ တချို့တွေကလည်း အိမ်မှာနေတယ် ရောဂါအခြေအနေဆိုးမှ ဆေးရုံတွေမှာသွားကြတယ် အောက်ဆီဂျင်မလိုပဲနဲ့ တစ်ခြားကြောင့် သေတဲ့သူလည်းရှိတယ် ရောဂါအခြေအနေဆိုးမှဝင်တာဆိုတော့ ကယ်ဖို့အချိန်နောက်ကျသွားတာလည်းရှိတယ် အဲဒီထဲမှာ အသက်ကြီးပိုင်းတွေကသေဆုံးတာများတယ်” ဟု Volunteer လုပ်ကိုင်နေသူ Biakhminga ကပြောသည်။
ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးအဖွဲ့၏ မှတ်တမ်းအရ ကလေးမြို့တွင် ရောဂါပိုးရှိမရှိ စစ်ဆေးမှုမှာ လွန်ခဲ့သည့် ရက်ပေါင်း (၂၀) မှ စတင်စစ်ဆေးမှုများပြုလုပ်ပြီး ယနေ့ ချိန်ထိ လူအယောက် (၃၆) ထိ သေဆုံးကြောင်းသိရသည်။
ကလေးမြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုမြင့်မားခြင်းကြောင့် အောက်ဆီဂျင်ပျက်လပ်သည်အထိ ကြုံနေရပြီး လက်ရှိတွင် မန္တလေးမှ အနည်းငယ်ပြန်ဝင်လာမှုရှိသော်လည်း ယနေ့ထိ လုံလောက်မှုမရှိကြောင်းသိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.