• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့နယ်၊ မှန်တောကျေးရွာက လင်မယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့

ကလေးမြို့နယ်၊ မှန်တောကျေးရွာက လင်မယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့

0
By Editor on February 11, 2023 Headline

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်တွင်ရှိသော မှန်တောကျေးရွာက လင်းမယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၈ ရက်နေ့ညက သတ်ဖြတ်ခဲ့ပြီးနောက် နေအိမ်နှင့်အတူ မီးရှို့ခံခဲ့ရသည်ဟု သိရသည်။

အသတ်ခံရသည့် လင်မယားမှာ အသက် ၅၂ နှစ်အရွယ် Pu Hram Mang နှင့် အသက် ၃၂ နှစ်အရွယ် ဇနီးဖြစ်သူ မမိုးကလျာတို့ဖြစ်ကြပြီး ဖေဖော်ဝရီလ ၈ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ ၎င်းတို့နေအိမ်သို့ ဝင်ရောက်ကာ အကြောင်းပြချက်မရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် Pu Hram Mang တို့လင်မယားကို လက်နောက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခဲ့ပြီးနောက် နေအိမ်နှင့်အတူ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Pu Hram Mang ၏ ယောက္ခမ ဦးမောင်ချိူက “ကျွန်တော်က တောထဲမှာနေတာ အဲဒီမှာ သူများအကြောင်းကြားလို့ သိရတယ်၊ သမီးတို့ လင်မယားနှစ်ယောက်စလုံး အသတ်ခံရတာ၊ အိမ်ရော မီးလောင်သွားတော့တာကိုး၊ ကျွန်တော့ကတော့ သမီးကို ဒီလို လူမဆန်မှုလုပ်ရပ်တွေ လုပ်တာ သဘောမကျဘူး၊ အလောင်းကတော့ ရှားဖိုက ခရစ်ယာန်သင်္ချိုင်းမှာ ဂှုသွင်းလိုက်ပြီးပြီ။” ဟု ပြောသည်။

ကလေးမြို့နယ်၊ မှန်တောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့များ တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသောကြောင့် ရွာသားအများစုသည် ကလေးမြို့ဘက်နှင့် အခြား ကျေးရွာ၊ လယ်တောများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်မှာ ၁ နှစ်ကျော်ရှိပြီဟု သိရသည်။

အသတ်ခံရသော Pu Hram Mang တို့လင်မယားတွင် သားသမီး ၂ ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ ညနေ ၆ နာရီအချိန်ကလည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် လောက်တူနှစ်ခြင်းအသင်းတော်ပါစတာသား အသက် ၁၉ နှစ်အရွယ် မောင်ဘီးလိုထန်း (ခ) ဘီးဘီး သေဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.