Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့မှာ အသားဈေးအပါအဝင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေ

ကလေးမြို့မှာ အသားဈေးအပါအဝင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေ

0
By Editor on August 5, 2026 Khonumthung

(002MG)

မိုးရာသီကာလအတွင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် မြို့တွင်း ကုန်စည်ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ကလေးမြို့ပေါ်တွင် အသားဈေးအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့် တက်နေသည်ဟု သိရသည်။

ထိုကဲ့သို့ ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် အခြေခံလူတန်းစားအများစုမှာ စားဝတ်နေရေးအတွက် အခက် အခဲများကြုံတွေ့နေရသည်ဟု ကလေးမြို့က အိမ်ရှင်မတစ်ဦးက ပြော သည်။

“ဆန်တမျိုးထဲစားလို့ရတာမဟုတ်ဘူး။ အသားတွေဆိုရင် CP ကြက်တွေ နားမလည်ဘူး အကုန်ဈေးတက်တာ။ ဝက်သား ၄ သောင်း၊ ရပ်ကွက်မှာပေါ်ရင်တော့ ၃သောင်း နဲ့ရတယ်။ ရေရှည်မှာ အသားစားဖို့ခက်လာမယ်။ ကော်ပီထုပ် အစိပ်သားကို ၃၀၀၀ ပေးရတယ်၊ နေ့တိုင်းကြတော့ အရွက်ကြီးလည်း မဖြစ်ပြန်ဘူးလေ။ အခုက အသီးအရွက်ဈေးက အသားဈေးနဲ့ အတူတူဖြစ်လာတာ။” ဟု အိမ်ရှင်မက ပြောသည်။

အခြေခံစားသောက်ကုန်အပြင် အများစုစားသုံးကြသည့် ကနန်ဧရာမင်းကော်ချက်အသစ် ဆန်တအိတ် လျှင် ယခင်တွင် ၉၀,၀၀၀ ကျပ် မှ ၁၃၀,၀၀၀ ကျပ် နှင့် ကနန်ဧရာမင်းကော်ချက် အဟောင်း တစ်အိတ် လျှင် ကျပ် ၁၆၀,၀၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု သိရသည်။

အလားတူ မြေပဲဆီပုံးအဝါ တစ်ပုံးလျှင် ၁၉၈,၀၀၀ကျပ်၊ နေကြာဆီတစ်ပုံးလျှင် ၁၇၅,၀၀၀ ကျပ်၊ မီးသွေးတစ် အိတ် လျှင် ၂၃၀၀၀ ကျပ် မှ ၂၈၀၀၀ ကျပ် အထိ ဝယ်ယူအသုံးပြုနေကြရသည်ဟု သိရသည်။

ထို့အပြင် ကြက်ဥ ၁ လုံး ၇၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၄၀,၀၀၀ ကျပ် ၊ ယခင်တွင် ကြက်သား တစ်ပိဿာ ၃၀, ၀၀၀ ကျပ်ရှိခဲ့သော်လည်း လက်ရှိတွင် ၄၀,၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၀,၀၀၀ ကျပ်၊ အားလူး တစ်ပိဿာ ၁၄၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ် တို့ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ အခြေခံစားသုံးကုန်ဈေးနှုန်းများ နေ့စဉ်နှင့်အမျှ မြင့်တက်နေသော ကြောင့် မိသားစုများသည့် အခြေခံလူ တန်းစား၊ သာမန်နေ့စားသမားများမှာ စားဝတ်နေရေးအတွက် ပို၍အခက်အခဲကြုံတွေ့နေကြရသည်ဟု သိရသည်။

လက်ရှိတွင် မန္တလေးမြို့ဘက်မှ ကလေးမြို့သို့ ကုန်ပစ္စည်းများသယ်ယူရာတွင် မဟာမြိုင်ကားလမ်းပိုင်း အား အဓိက အသုံးပြုနေရကာ မိုးတွင်ကာလအတွင်း လမ်းပျက်စီးမှု၊ လမ်းခရီး ကြန့်ကြာမှုများ ကြုံတွေ့နေကြရသောကြောင့် မြို့ တွင်း ကုန်ပစ္စည်းများ ဝင်ရောက်ရာမှာ ခက်ခဲမှုပိုကြုံနေရခြင်းဖြစ်ကြောင်း ကုန်ကားသမားများထံမှသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.