• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့ သာယာကုန်းရွာအနီးတိုက်ပွဲ စစ်ကောင်စီဘက် အထိနာ

ကလေးမြို့ သာယာကုန်းရွာအနီးတိုက်ပွဲ စစ်ကောင်စီဘက် အထိနာ

0
By Editor on August 3, 2022 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နည်းပညာတက္ကသိုလ်ကနေ တောင်ပိုင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သြဂုတ်လ ၂ ရက်နေ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အကျဆုံးများပြီး အထိနာနေတယ်လို့ သိရပါတယ်။

ကလေး-ဂန့်ဂေါလမ်းမအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သာယာကုန်းကျေးရွာအနီးမှာ PDF (Kalay) တပ်ရင်း ၁၊ ၂၊ ၅၊ ၆၊ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF (KKG) နဲ့ RKDF ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လ ၂ ရက်နေ့က စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခွဲကနေ မွန်းလွဲ ၃ နာရီ ခန့်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြ တယ်လို့ PDF (Kalay) က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားအနည်းဆုံး ၁၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kalay-PDF တပ်ရင်း-၁ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မနေ့က မနက်ခြောက်နာရီခွဲလောက်မှာ ကျွန်းချောင်းနဲ့ သာယာကုန်းကြားမှာ ထိတွေ့မှုစဖြစ်တယ် သာယာကုန်းရွာအဝင်နားမှာ ပြန်ပြီးထိတွေ့မှုပြန်ဖြစ်တယ် ညနေခြောက်ခွဲအထိ၊ စစ်ကောင်စီဘက်က ၂၀ လောက်တော့ကျတယ် GTI ကျောင်းဝင်းထဲကို ၁၅ လောင်းပဲသယ်သေးတယ်ဆိုတော့ ကျန်တဲ့အလောင်းကိုတော့ ညမှနောက်ထပ်ကားနဲ့ လာ သယ်တာရှိသေးတာဆိုတော့ ဘယ်လောက်လဲမသိရသေးဘူး အနည်းဆုံး ၁၅ ယောက်ဖြစ်မယ်” ဟု Kalay-PDF တပ်ရင်း-၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သြဂုတ်လ ၂ ရက်နေ့မွန်းလွဲ ၂ နာရီခန့်မှာတော့ သာယာကုန်းရွာကို ဝင်ရောက်ပြီး ကျေးရွာအတွင်းက အပြစ်မဲ့ပြည်သူ ၁၀ ယေက်ကျော် ဖမ်းဆီးကာ အဲဒီထဲက အမျိုးသား ၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ PDF (Kalay) က ဆိုပါတယ်။

“ပြည်သူတွေ၊ မသန်စွမ်းတွေ၊ ကလေးငယ်ငယ်တွေကျန်နေခဲ့တဲ့ဟာတွေရော ဖမ်းခေါ်သွားတာ၊ ပထမဆုံးက ဆယ်ယောက်ပဲဖမ်းတာ၊ ပြီးမှ ဆက်တိုက်ဆက်တိုက် ဖမ်းတာ။ သူတို့တွေကို ရွာထဲမှာထားတယ်။ ပြီးတော့ ဓားစာခံအနေနဲ့ ဘယ်နှစ်ယောက်လောက်ရှိမလဲမသိဘူး ရှေ့ကိုထုတ်ပြီးမှ ကြိုးတုပ်ပြီးမှ အရှေ့ကို အရင်လွတ်တယ်ပြီးမှ သူတို့က အနောက်ကနေ သေနတ်နဲ့လိုက်တယ်” ဟု Kalay-PDF တပ်ရင်း-၁ ကတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့ဖမ်းဆီးထားတဲ့ပြည်သူတွေကိုလူသားဒိုင်းအဖြစ် စစ်ကြောင်းမှာ ဆက်လက်ခေါ်သွားပြီး တိုက်ပွဲအခြေအနေဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ကလေး-ဂန့်ဂေါလမ်းမကြီးကို အသုံးမပြုကြဖို့ PDF (Kalay) က သတိပေးထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.