စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ယနေ့ဇွန်လ ၄ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်ရောဂါကြောင့် လူ ၅ ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုဗစ်ရောဂါကြောင့် ယနေ့မနက်ပိုင်းတွင် ၃ ဦးသေဆုံးကာ ညနေပိုင်တွင် ၂ ဦးစုစုပေါင်း ၅ ဦး တစ်ရက်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများထဲတွင် ရက်သားအရွယ် ကလေးငယ်တစ်ဦးပါဝင်ကာ ကျန် ၄ ဦးမှာ သက်ကြီးပိုင်း အမျိူးသား ၂ ဦးနှင့် အမျိူးသမီး ၂ ဦးတို့ဖြစ်ကြပြီး ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ အောင်မြေမာန်ရပ်ကွက်၊ နတ်ချောင်းရွာ၊ တင်သားရွာနှင့် ခုန်တိုးမြို့သာရွာတွင်နေထိုင်သူများဖြစ်ကြကြောင်းသိရသည်။
ကလေးမြို့သည် Stay at Home ကြေညာခံထားရသည့်မြို့ဖြစ်ပြီး ယနေ့တွင်လည်း လူ ၇၅ ယောက် စစ်ဆေးရာတွင် ၂၅ ယောက်ထံ ကိ်ုဗစ်ပိုးတွေ့ရှိသည်ဟုသိရသည်။