ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိခေါဒါမြို့အကြား မော်တော်ယာဉ်လိုင်းများကို မနက်ဖြန် သြဂုတ်လ ၁၉ ရက်နေ့ကစ၍ ပြန်လည်ပေးဆွဲနိုင်ပြီဟု CDF-Hualngoram ယနေ့ထုတ်ပြန်သည်။
ကလေး-ရိ ကားလမ်းကို နယ်မြေလုံခြုံရေးအခြေနေကြောင့် သြဂုတ်လ ၁၄ ရက်နေ့ကစ၍ CDF-Hualngoram တပ်ဖွဲ့က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းမကြီးဖြစ်သော ကလေး-တီးတိန်-ရိ ကားလမ်ကို သြဂုတ်လ ၁၉ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးမည်ဆိုသော်လည်း စစ်ရေးအရ လိုအပ်လျှင် လိုအပ်သလို ပြန်ပိတ်မည်ဟု CDF-Hual ngoram ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။