Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-သိုင်းငင်းကားလမ်း အဆင်းကားများအတွက် ၃ ရက် လမ်းဖွင့်ပေး

ကလေး-သိုင်းငင်းကားလမ်း အဆင်းကားများအတွက် ၃ ရက် လမ်းဖွင့်ပေး

0
By Editor on December 18, 2023 Khonumthung

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-တီးတိန်မြို့သို့ဆက်သွယ်သော ကလေး-သိုင်းငင်း ကားလမ်းကို ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ အဆင်းကားများအတွက် ၃ ရက်အတွင်း ဖွင့်လှစ်ပေးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-CDM Siyin က ထုတ်ပြန်သည်။

တီးတိန်-သိုင်းငင်း-ကလေးမြို့လမ်းမကြီးနှင့် ဖလမ်းမြို့-သိုင်းငင်း-ကလေးမြို့ကားလမ်းမကြီးကို ဒီဇင်ဘာ ၁၈၊ ၁၉၊ ၂၀ ရက်နေ့အတွင်း အဆင်းကားများအတွက် လမ်းဖွင့်ပေးမည်ဖြစ်ပြီး အတက်ကားများကို လုံးဝ (လုံးဝ) မဖွင့်ပေးကြောင်း စိတ်ရွည်စွာ သည်ခံပေးရန် CDF-CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းကို အဓိကဆက်သွယ်သော ကလေး-သိုင်းငင်းကားလမ်းကို လုံခြုံရေးနှင့် စစ်ရေးအခြေအနေများကြောင့် သွားလာခြင်းမပြုရန် နိုဝင်ဘာလ ၂၇ ရက်နေ့စပြီး CDF-CDM Siyin က ပိတ်ပင်ထားခြင်းဖြစ်သည်။

အဆိုပါကားလမ်း ပိတ်ထားခြင်းကြောင့် ဖလမ်းမြို့နယ် ဗားလုံကျေးရွာအနီးတွင် ချင်းတောင်မှ ကလေးမြို့သို့ ဆင်းမည့်ကားအစီး ၁၀၀ ကျော်ခန့် ၂ ပတ် ကျော်ကြာပိတ်မိခဲ့ရသည်။

ထို့အပြင် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ သွားမည်ဆိုပါကလည်း ကလေး-‌ေ၀ဘူလ-ဖလမ်း ကားလမ်းဖြင့် ကွေ့ပတ်သွားရပြီး ကားခမှာလည်း လူတစ်ဦးလျှင် တစ်သိန်းရှစ်သောင်းခန့်အထိ ခုန်တက်သွားခဲ့သည်။

ယခုကာလသည် ခရစ္စမတ်ကာလဖြစ်သောကြောင့် ရပ်‌ေ၀◌းမှ မိသားစု၀င် များသည် မိမိနေရပ်သို့ ပြန်ချင်နေသည့်အချိန် ကားလမ်းပိတ်ထားမှုကြောင့် အခက်ကြုံနေကြရာက ယခုကဲ့သို့ အဆင်းကားများ ဖွင့်ပေးသည့်အပေါ် ၀မ်းသာကြောင်း နယ်စပ်နေဒေသခံတစ်ဦးက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

မင်းတပ်မြို့ ထပ်မံ ဗုံကြဲခံရပြီး ဒေသခံတချို့ ထိခိုက်မှုများရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.