Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကူကီး-ချင်းအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင် ၂ ဦးကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီး

ကူကီး-ချင်းအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင် ၂ ဦးကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီး

0
By Editor on March 14, 2023 Khonumthung

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Hmunnuam ကျေးရွာတွင် မတ်လ ၁၀ ရက်နေ့က ကူကီး-ချင်းအမျိုးသားတပ်မတော် (KCNA) တပ်ဖွဲ့ဝင် ၂ ဦးကို အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု India Today သတင်းဌာနက ဖော်ပြသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ဘင်္ဂလားဒေရှ့်နိုင်ငံသား အသက် ၃၂ နှစ်အရွယ် Zingramlian နှင့် အသက် ၂၂ နှစ်အရွယ် Pazau တို့ဖြစ်ကြပြီး မီဇိုရမ်ပြည်နယ် Bungtlang ကျေးရွာက Kuki-Chin National Army အစည်းအဝေးသို့ တက်ရောက်လာကြပြီးနောက် အပြန်လမ်း ဘင်္ဂလားဒေရှေ့်စစ်ဘေးရှောင်များနှင့် တွေ့ဆုံစဉ်တွင် အာသံရိုင်ဖယ်တပ်ဖွဲ့က သတင်းရရှိထားချက်အရ လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းစာကဆိုသည်။

Kuki-Chin National Army သည် ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသက ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေဒေသများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု သို့မဟုတ် “ကူကီး-ချင်းနယ်မြေပြည်နယ်” အဖြစ် သတ်မှတ်ရန် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

ယင်းကိစ္စကြောင့် ဘင်္ဂလားဒေရှ့်အစိုးရနှင့် Kuki-Chin National Army တို့သည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာပြီး စစ်တကောင်းတောင်တန်းဒေသက ချင်းမျိုးနွယ်စု ၄၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်သို့ စစ်ဘေးတိမ်းရှောင်လျှက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.