• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် ချင်းအမျိုးသားတစ်ဦးထံမှ လက်နက်ခဲယမ်းများနှင့် လမ်းလျှောက်စကားပြောစက် (၆) လုံးဖမ်းမိ

ကလေးမြို့တွင် ချင်းအမျိုးသားတစ်ဦးထံမှ လက်နက်ခဲယမ်းများနှင့် လမ်းလျှောက်စကားပြောစက် (၆) လုံးဖမ်းမိ

0
By Editor on August 6, 2019 Khonumthung

By လားနွန် – ကလေးမြို့မှာ ၁၈ မိုင်ခန့်ကွာဝေးသော လက်ပံချောင်းကျေးရွာတွင် ချင်းအမျိုးသား မင်းထန်ဇားဝါးထံမှ လက်နက်ခဲယမ်းများနှင့် လမ်းလျှောက်စကားပြောစက် ၆ လုံးကို သြဂုတ်လ ၄ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိသည်ဟု လက်ခံချောင်းရဲစခန်းထံမှသိရသည်။


ကလေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ မင်းထန်ဇားဝါ (၄၁) နှစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ အိပ်ခန်းအတွင်း အိမ်သာမျက်နှာကျက်ပေါ်တွင် အဆိုပါလက်နက်နှင့် စကားပြောစက်များကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု လက်ခံချောင်းရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးကပြောသည်။

“ကျနော်တို့ မူးယစ်ဆေးဝါးသတင်းရရှိလို့လေ သတင်းရတာနဲ့ မူးယစ်အထူးအဖွဲ့တို့ ခရိုင် ဒ.က.စတို့ လက်ပံချောင်းရဲကင်းအဖွဲ့တို့ ၀င်ဖမ်းတာပေါ့ သူ့အိမ်ကို ၀င်ခဲ့တော့ အိပ်ခန်းထဲမှာရှိတဲ့ အိမ်သာရဲ့ မျက်နှာကျက်ကနေမိတာပေါ့ လက်နက်ခဲယမ်းတွေရယ် စကားပြောစက်တွေမိတာပေါ့ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့က လက်နက်ခဲ့ယမ်းမိတာတော့ ၁၉ (စ) နဲ့ မိတာပေါ့ စကားပြောစက်တွေကတော့ ဆက်သွယ်ရေး ပုဒ်မ ၆၇ နဲ့ အရေးယူထားတာပေါ့၊ အဖမ်းခံရတဲ့သူက အခုလက်ရှိကလေးစခန်းမှာပဲ ထိန်းသိမ်းထားတာပေါ့ တရားရုံးကနေ ချုပ်ယမန်တောင်းထားတာပေါ့ ကလေးစခန်းမှ ချုပ်ထားတာပေါ့” ဟု ရဲဝန်ထမ်းတစ်ဦးကပြောသည်။

အဆိုပါဖမ်းဆီးရမိသည့်လက်နက်များမှာ ပွိုင့် ၂၂ သေနတ်အရှည် ၁ လက် (စနိုက်ပါတပ်လျက်)၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၁၁ တောင့်၊ နှစ်လုံးပြူးပြောင်းရှည် ၁ လက်၊ ၎င်းကျည် ၃၉ တောင့်၊ လေသေနတ် ၂ လက် (အတို ၁၊ အရှည် ၁)၊ လေသေနတ်ကျည် ၂၀၀၀ တောင့်၊ ဂက်(စ်) ပစ္စတို ၂ လက်၊ ဂက် (စ်) ဗူး ၈၅ ဗူး၊ ဘောစေ့ ၈၀၀ လုံးစီပါ ၃ ဗူး၊ စနိုက်ပါမှန်ပြောင်း ၄ ခု (အတို ၁၊ အရှည် ၃)၊ မှန်ပြောင်း ၂ ခု၊ တရုတ်နိုင်ငံထုတ် လမ်းလျှောက် စကားပြောစက် ၆ လုံး၊ အားသွင်းခုံ ၄ ခုနှင့် သေနတ်အိတ် ၄ ခုတို့ ဖြစ်သည်။

လက်နက်ခဲယမ်းများနှင့် ဖမ်းမိခံသည့် မင်းထန်ဇားဝါသည် ကလေးမြို့မရဲစခန်း (ပ)၁၆၂၆/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် လည်းကောင်း၊ (ပ)၁၆၂၇/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.