• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကေလးၿမိဳ႕ UDP ပါတီအေနျဖင့္ ခ်င္းပါတီကို ၀န္းရံမည္ဟုဆို

ကေလးၿမိဳ႕ UDP ပါတီအေနျဖင့္ ခ်င္းပါတီကို ၀န္းရံမည္ဟုဆို

0
By Editor on October 30, 2020 Khonumthung

#Unicode

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ နှင်းဆီပါတီ(ခေါ်) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ပါတီအနေ ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့အထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကို ဝန်းရံသွားမည်ဟု ကလေးမြို့နယ် UDP ပါတီ ဥက္ကဌ ဦးဟုန်းထန်းကပြောသည်။

ဦးဟုန်းထန်းက “ကျွန်တော်တို့ပါတီထူထောင်လာတယ်ဆိုတာက ကျွန်တော်တို့ အနိုင်ရချင်လို့ ပါတီထူထောင်တာဖြစ်တယ်။ ချင်းပါတီကလည်းအနိုင်ရချင်လို့ ချင်း ပါတီထူထောင်တာဖြစ်သလို အနိုင်ရပြီးရင် ကျွန်တော်တို့ချင်းလူမျိုး၊ ချင်းရှိတဲ့ရပ်ကွက် ၊အုပ်စုတွေကို အတတ်နိုင်ဆုံး ပါဝင်ပြီး ဖွံ့ဖြိုးပေးဖို့ အတွက် ကျွန်တော်လည်း ချင်းတိုင်းရင်းသားဖြစ်အတွက် ချင်းပါတီကိုလည်းနှစ်သက်ပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ နှင်းဆီပါတီကမဲထည့်မဲ့ ချင်းလူမျိုး ၄၈၀၀၀ နဲ့ဝန်းရံပေးမှာဖြစ်ပါတယ်” ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့ညနေပိုင်းက ကလေးမြို့နယ် CNLD ပါတီရုံးတွင် နှစ်ဖက်ပါတီမှ တာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။

ကလေးမြ်ို့နယ်တွင် ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) တွင် ပါတီဝင်အင်အား ချင်းလူမျိူး ၄၈၀၀၀ ခန့်ရှိသည်ဟု သိရသည်။

UDP ပါတီဥက္ကဌ ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့် ဟွာဟူသည် ထောင်ပြေးမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာ လ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။

ထို့နောက် UDP ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

#Zawgyi

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္အတြင္းရွိ ႏွင္းဆီပါတီ(ေခၚ) ညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီ(UDP) ပါတီအေန ျဖင့္ ႏို၀င္ဘာလ ၈ ရက္ေန႔အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(CNLD) ပါတီကို ၀န္းရံသြားမည္ဟု ကေလးၿမိဳ႕နယ္ UDP ပါတီ ဥကၠဌ ဦးဟုန္းထန္းကေျပာသည္။ 

ဦးဟုန္းထန္းက “ကြ်န္ေတာ္တုိ႔ပါတီထူေထာင္လာတယ္ဆုိတာက ကြ်န္ေတာ္တုိ႔ အႏုိင္ရခ်င္လုိ႔ ပါတီထူေထာင္တာျဖစ္တယ္။ ခ်င္းပါတီကလည္းအႏုိင္ရခ်င္လုိ႔ ခ်င္း ပါတီထူေထာင္တာျဖစ္သလုိ အႏုိင္ရျပီးရင္ ကြ်န္ေတာ္တုိ႔ခ်င္းလူမ်ဳိး၊ ခ်င္းရွိတဲ့ရပ္ကြက္ ၊အုပ္စုေတြကုိ အတတ္ႏုိင္ဆုံး ပါဝင္ျပီး  ဖြံ႔ျဖဳိးေပးဖုိ႔ အတြက္ ကြ်န္ေတာ္လည္း ခ်င္းတုိင္းရင္းသားျဖစ္အတြက္ ခ်င္းပါတီကုိလည္းႏွစ္သက္ပါတယ္။ ဒါေၾကာင့္ ႏိုဝင္ဘာလ ၈ ရက္ေန႔ေရြးေကာက္ပြဲမွာ ႏွင္းဆီပါတီကမဲထည့္မဲ့ ခ်င္းလူမ်ဳိး ၄၈၀၀၀ နဲ႔ဝန္းရံေပးမွာျဖစ္ပါတယ္။” ဟု ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္ၿပီး ေအာက္တိုဘာလ ၂၉ ရက္ေန႔ညေနပိုင္းက ကေလးၿမိဳ႕နယ္ CNLD ပါတီရံုးတြင္ ႏွစ္ဖက္ပါတီမွ တာ၀န္ရွိသူမ်ားက သေဘာတူလက္မွတ္ေရးထိုးခဲ့ၾကသည္ဟုသိရသည္။ 

ကေလးၿမ္ိဳ႕နယ္တြင္ ညီညြတ္ေသာ ဒီမိုကရက္တစ္ ပါတီ(UDP) တြင္ ပါတီ၀င္အင္အား ခ်င္းလူမ်ဴိး ၄၈၀၀၀ ခန္႔ရွိသည္ဟု သိရသည္။

UDP ပါတီဥကၠဌ ဦးေက်ာ္ျမင့္(ေခၚ) မိုက္ကယ္ေက်ာ္ျမင့္ ဟြာဟူသည္ ေထာင္ေျပးမႈျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာ လ ၂၉ ရက္ေန႔က အဖမ္းခံခဲ့ရၿပီး ရာဇသတ္ႀကီးပုဒ္မ ၂၂၄ ျဖင့္ အမႈဖြင့္ခံထားရသူျဖစ္သည္။

ထို႔ေနာက္ UDP ပါတီကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာလ ၁၇ ရက္ေန႔တြင္ ႏိုင္ငံေရးပါတီအျဖစ္မွ ဖ်က္သိမ္းလိုက္ျခင္း ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.