• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ Refugee Identity card ထုတ်ပေး

ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ Refugee Identity card ထုတ်ပေး

0
By Editor on April 15, 2022 Headline

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းမှာရှိကြသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ မီဇိုရမ်ပြည်နယ်အစိုးရက Refugee ID ကဒ္ကို ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရစာရင်အရ အိနိ္ဒယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ ၈၇၄၇ ရှိသည့်အနက် စစ်ဘေးရှောင် ၈၅၈၈ ဦးထံ Refugee ID ကဒ် ထုတ်ပေးနေပြီဖြစ်ကြောင်း The Aizawl Post သတင်းစာတွင် ရေးသားဖော်ပြသည်။

ကျန်ဖိုင်းခရိုင်အတွင်း Relief Camp (၃၃) ခုရှိပြီး အဆိုပါ Relief camp တွင် စစ်ဘေးရှောင်ဦးရေ ၂၄၃၄ ဦးရှိပြီး Relief camp မဟုတ်သော အခြားသောနေရာတွင်နေထိုင်သူ စစ်ဘေးရှောင်ဦးရေ ၆၃၁၃ ဦး ရှိသည်ဟု သိရသည်။

ဧပြီလ ၁၃ ရက်နေ့ကလည်း Deputy Commissioner ဦးဆောင်မှုဖြင့် အိုက်ဇောလ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သူများကို Refugee ID ကဒ် စတင်ထုတ်ပေးနေပြီဟု စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

“Aizawl DC က Refugee ID ကဒ်ထုတ်ပေးတယ်။ အိုက်ဇောလ်မြို့နယ်အတွင်းမှာရှိတဲ့ Sihphir, Luangmual, Tuirial, Sihhmui, Sairang မွာရွိတဲ့ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေတော့ Refugee ID ကဒ်ရပြီဖြစ်တယ်။ ခုဟာက စစ်ဘေးရှောင်စခန်းတွေမှာနေတဲ့သူတွေကို အရင်ဦးစားပေးလုပ်ဆောင်ပေးတဲ့သဘောဖြစ်တယ်။ စစ်ဘေးရှောင်စခန်းမဟုတ်တဲ့ အခြားသောနေရာမှာနေထိုင်တဲ့သူတွေလည်း မကြာခင်ထုတ်ပေးနိုင်လိုက်မယ်လို့ မျော်လင့်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ခိုလှုံနေသူ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော် ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.