#Unicode
ချင်းပြည်နယ်တွင် မဲစာရင်းပြင်ဆင်ဖြည့်စွက်သူ ၃ သောင်းနီးပါးရှိ
ချင်းပြည်နယ်တွင် ပထမအကြိမ် မဲစာရင်းလာရောက်ကြည့်ရှုသူ တစ်သိန်းကျော်ရှိသည့်အနက် မဲစာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူ ၃ သောင်းနီးပါးရှိသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။
မဲစာရင်းတွင်အမည်မပါလာသည့်အတွက် အမည်ထည့်သွင်းပေးရန် ပုံစံ(၃) ဖြင့်လျှောက်ထားသူ ၁၄၄၃ ဦး၊ မဲစာရင်းတွင်မ ပါသင့် သူပါနေသောကြောင့် ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၁၂၄၆၇ ဦးနှင့် မဲစာရင်းတွင် အချက်အလက်မှားယွင်းနေေ သာကြောင့် ပုံစံ (၄-ဂ )ဖြင့် ပြင်ဆင်သူ ၁၆၀၄၀ ရှိပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူပေါင်း ၂၉၉၅၀ ဦးရှိသည်ဟု ချင်းပြည်နယ်ရွေးကာက်ပွဲကော်မရှင်အတွင်းရေးမှူးဦးလင်းကျော်ကပြောသည်။
“ အထွေထွေဦးစီးဌာနက လူဦးရေစာရင်းကိုကောက်ပေးတယ် ၂၀၁၉ မှာဆိုတော့ ကျန်ခဲ့တဲ့သူတွေရှိမှာပေါ့ အိမ်မှာလူမရှိတာ ၊ စာရင်းယူတဲ့အခါမှာ အချက်အလက်တွေကို တိတိကျကျ မပြောနိုင်တာတွေရှိမယ်၊ တချို့ဆိုရင်လည်း ကိုယ့်သားသမီးတွေ ကွယ်လွန်သွားပြီဆိုရင်လည်း အိမ်ထောင်စုစာရင်းကနေလည်း မထုတ်ကြဘူးလေ ၊ တချို့အိမ်ထောင်စုကနိုင်ငံခြားသွားတဲ့သူတွေကိုလည်း ထည့်ပေးလိုက်တာမျိုးပေါ့ ၊ ပါသင့်တဲ့သူတွေမပါပဲ မပါသင့်တဲ့သူတွေပါတာပေါ့ ”ဟု ဦးလင်းကျော်ကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချူပ်ရေးမှူးရုံးများတွင် အသီးသီးကပ်ထားကြေညာခဲ့ကြခြင်းဖြစ်သည်။
ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ စာရင်းအရ ချင်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၄၂၁၄၂) ရှိသည့် အနက် မဲစာရင်းလာကြည့်သူ(၁၁၀၄၅၉) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၂.၄ ဝန်းကျင်ခန့်ရှိသည်။
“ခုကျွန်တော်တို့ပုံစံ (၃) ၊ (၄) ၊ (၄-ဂ) တွေကိုစီစစ်ဆဲကာပေါ့၊ ၃ နဲ့လျှောက်တဲ့သူကလည်း တကယ်မဲပေးပိုင်ခွင့်ရှိတဲ့သူ မှန်ကန်တယ်ဆိုရင် ကျနော်တို့ပြန်ထည့်ပေးဖို့တို့၊ ၄ နဲ့ ကန့်ကွက်တဲ့သူကလည်း တကယ်ကန့်ကွက်တာမှန်ကန်တယ်ဆိုရင် မဲစာရင်းထဲကဖြုတ်မှာပေါ့၊ အချက်အလက်အမှားအယွင်းတွေကတော့ ပြန်ထည့်ပေးမှာပေါ့ ပုံစံ(၃) (၄) အပေါ်မူတည်ပြီးတော့ မဲစာရင်းအတိုးအလျှော့တော့ရှိလာမယ်’’ဟု ဦးလင်းကျော်ကပြောသည်။
လက်ရှိအချိန်တွင် မဲစာရင်းအမှားများ ပြန်လည်ပြင်ဆင်နိုင်ရန် ပြည်နယ် မဲစာရင်းစီစစ်ရေးအဖွဲ့အကူညီနှင့်သက်ဆိုင်ရာ အုပ်ချူပ်ရေးမှူးအဖွဲ့၊ ရပ်ကျေးကော်မရှင်များ၊ ဝန်ထမ်းများပူးပေါင်းပါဝင်မှုဖြင့် တအိမ်တက်ဆင်းစနစ်ဖြင့်ပြန်စီစစ်ပြီး နောက် ဒုတိယအကြိမ် မဲစာရင်းကို စက်တင်ဘာလနောက်ဆုံးပတ်တွင် ထပ်မံကြေညာသွားမည်ဖြစ်သည်။
#Zawgyi
ခ်င္းျပည္နယ္တြင္ ပထမအျကိမ္ မဲစာရင္းလာေရာက္ျကည့္ရႈသူ တစ္သိန္းေက်ာ္ရွိသည့္အနက္ မဲစာရင္း ျပင္ဆင္၊ ျဖည့္စြက္၊ ကန့္ကြက္သူ ၃ ေသာင္းနီးပါးရွိသည္ဟု ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ့ထံမွသိရသည္။
မဲစာရင္းတြင္အမည္မပါလာသည့္အတြက္ အမည္ထည့္သြင္းေပးရန္ ပံုစံ(၃) ျဖင့္ေလွ်ာက္ထားသူ ၁၄၄၃ ဦး၊ မဲစာရင္းတြင္မ ပါသင့္ သူပါေနေသာေျကာင့္ ပံုစံ (၄) ျဖင့္ ကန့္ကြက္သူ ၁၂၄၆၇ ဦးနွင့္ မဲစာရင္းတြင္ အခ်က္အလက္မွားယြင္းေန သာေျကာင့္ ပံုစံ (၄-ဂ )ျဖင့္ ျပင္ဆင္သူ ၁၆၀၄၀ ရွိျပီး ျပင္ဆင္၊ ျဖည့္စြက္၊ ကန့္ကြက္သူေပါင္း ၂၉၉၅၀ ဦးရွိသည္ဟု ခ်င္းျပည္နယ္ေရြးကာက္ပြဲေကာ္မရွင္အတြင္းေရးမႉးဦးလင္းေက်ာ္ကေျပာသည္။
“ အေထြေထြဦးစီးဌာနက လူဦးေရစာရင္းကိုေကာက္ေပးတယ္ ၂၀၁၉ မွာဆိုေတာ့ က်န္ခဲ့တဲ့သူေတြရွိမွာေပါ့ အိမ္မွာလူမရွိတာ ၊ စာရင္းယူတဲ့အခါမွာ အခ်က္အလက္ေတြကို တိတိက်က် မေျပာနိုင္တာေတြရွိမယ္၊ တခ်ို့ဆိုရင္လည္း ကိုယ့္သားသမီးေတြ ကြယ္လြန္သြားျပီဆိုရင္လည္း အိမ္ေထာင္စုစာရင္းကေနလည္း မထုတ္ျကဘူးေလ ၊ တခ်ို့အိမ္ေထာင္စုကနိုင္ငံျခားသြားတဲ့သူေတြကိုလည္း ထည့္ေပးလိုက္တာမ်ိုးေပါ့ ၊ ပါသင့္တဲ့သူေတြမပါပဲ မပါသင့္တဲ့သူေတြပါတာေပါ့ ”ဟု ဦးလင္းေက်ာ္ကေျပာသည္။
၂၀၂၀ ေရြးေကာက္ပြဲအတြက္ ပထမအျကိမ္မဲစာရင္းကို ဇူလိုင္လ ၂၅ ရက္ေန့မွ ျသဂုတ္လ ၁၄ ရက္ေန့အထိ သက္ဆိုင္ရာ ရပ္ေက်းအုပ္ခ်ူပ္ေရးမႉးရံုးမ်ားတြင္ အသီးသီးကပ္ထားေျကညာခဲ့ျကျခင္းျဖစ္သည္။
ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ့၏ စာရင္းအရ ခ်င္းျပည္နယ္တြင္ ဆနၵမဲေပးပိုင္ခြင့္ရွိသူ (၃၄၂၁၄၂) ရွိသည့္ အနက္ မဲစာရင္းလာျကည့္သူ(၁၁၀၄၅၉) ဦးရွိျပီး ရာခိုင္နႈန္းအားျဖင့္ ၃၂.၄ ဝန္းက်င္ခန့္ရွိသည္။
“ခုကြ်န္ေတာ္တို့ပံုစံ (၃) ၊ (၄) ၊ (၄-ဂ) ေတြကိုစီစစ္ဆဲကာေပါ့၊ ၃ နဲ့ေလွ်ာက္တဲ့သူကလည္း တကယ္မဲေပးပိုင္ခြင့္ရွိတဲ့သူ မွန္ကန္တယ္ဆိုရင္ က်ေနာ္တို့ျပန္ထည့္ေပးဖို့တို့၊ ၄ နဲ့ ကန့္ကြက္တဲ့သူကလည္း တကယ္ကန့္ကြက္တာမွန္ကန္တယ္ဆိုရင္ မဲစာရင္းထဲကျဖုတ္မွာေပါ့၊ အခ်က္အလက္အမွားအယြင္းေတြကေတာ့ ျပန္ထည့္ေပးမွာေပါ့ ပံုစံ(၃) (၄) အေပၚမူတည္ျပီးေတာ့ မဲစာရင္းအတိုးအေလွ်ာ့ေတာ့ရွိလာမယ္’’ဟု ဦးလင္းေက်ာ္ကေျပာသည္။
လက္ရွိအခ်ိန္တြင္ မဲစာရင္းအမွားမ်ား ျပန္လည္ျပင္ဆင္နိုင္ရန္ ျပည္နယ္ မဲစာရင္းစီစစ္ေရးအဖြဲ့အကူညီနွင့္သက္ဆိုင္ရာ အုပ္ခ်ူပ္ေရးမႉးအဖြဲ့၊ ရပ္ေက်းေကာ္မရွင္မ်ား၊ ဝန္ထမ္းမ်ားပူးေပါင္းပါဝင္မႈျဖင့္ တအိမ္တက္ဆင္းစနစ္ျဖင့္ျပန္စီစစ္ျပီး ေနာက္ ဒုတိယအျကိမ္ မဲစာရင္းကို စက္တင္ဘာလေနာက္ဆံုးပတ္တြင္ ထပ္မံေျကညာသြားမည္ျဖစ္သည္။