Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္ မဲစာရင္းျပင္ဆင္ျဖည့္စြက္သူ ၃ ေသာင္းနီးပါးရွိ

ခ်င္းျပည္နယ္တြင္ မဲစာရင္းျပင္ဆင္ျဖည့္စြက္သူ ၃ ေသာင္းနီးပါးရွိ

0
By Editor on August 21, 2020 Headline

#Unicode

ချင်းပြည်နယ်တွင် မဲစာရင်းပြင်ဆင်ဖြည့်စွက်သူ ၃ သောင်းနီးပါးရှိ

ချင်းပြည်နယ်တွင် ပထမအကြိမ် မဲစာရင်းလာရောက်ကြည့်ရှုသူ တစ်သိန်းကျော်ရှိသည့်အနက် မဲစာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူ ၃ သောင်းနီးပါးရှိသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။

မဲစာရင်းတွင်အမည်မပါလာသည့်အတွက် အမည်ထည့်သွင်းပေးရန် ပုံစံ(၃) ဖြင့်လျှောက်ထားသူ ၁၄၄၃ ဦး၊ မဲစာရင်းတွင်မ ပါသင့် သူပါနေသောကြောင့် ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၁၂၄၆၇ ဦးနှင့် မဲစာရင်းတွင် အချက်အလက်မှားယွင်းနေေ သာကြောင့် ပုံစံ (၄­-ဂ )ဖြင့် ပြင်ဆင်သူ ၁၆၀၄၀ ရှိပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူပေါင်း ၂၉၉၅၀ ဦးရှိသည်ဟု ချင်းပြည်နယ်ရွေးကာက်ပွဲကော်မရှင်အတွင်းရေးမှူးဦးလင်းကျော်ကပြောသည်။

“ အထွေထွေဦးစီးဌာနက လူဦးရေစာရင်းကိုကောက်ပေးတယ် ၂၀၁၉ မှာဆိုတော့ ကျန်ခဲ့တဲ့သူတွေရှိမှာပေါ့ အိမ်မှာလူမရှိတာ ၊ စာရင်းယူတဲ့အခါမှာ အချက်အလက်တွေကို တိတိကျကျ မပြောနိုင်တာတွေရှိမယ်၊ တချို့ဆိုရင်လည်း ကိုယ့်သားသမီးတွေ ကွယ်လွန်သွားပြီဆိုရင်လည်း အိမ်ထောင်စုစာရင်းကနေလည်း မထုတ်ကြဘူးလေ ၊ တချို့အိမ်ထောင်စုကနိုင်ငံခြားသွားတဲ့သူတွေကိုလည်း ထည့်ပေးလိုက်တာမျိုးပေါ့ ၊ ပါသင့်တဲ့သူတွေမပါပဲ မပါသင့်တဲ့သူတွေပါတာပေါ့ ”ဟု ဦးလင်းကျော်ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချူပ်ရေးမှူးရုံးများတွင် အသီးသီးကပ်ထားကြေညာခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ စာရင်းအရ ချင်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၄၂၁၄၂) ရှိသည့် အနက် မဲစာရင်းလာကြည့်သူ(၁၁၀၄၅၉) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၂.၄ ဝန်းကျင်ခန့်ရှိသည်။

“ခုကျွန်တော်တို့ပုံစံ (၃) ၊ (၄) ၊ (၄-ဂ) တွေကိုစီစစ်ဆဲကာပေါ့၊ ၃ နဲ့လျှောက်တဲ့သူကလည်း တကယ်မဲပေးပိုင်ခွင့်ရှိတဲ့သူ မှန်ကန်တယ်ဆိုရင် ကျနော်တို့ပြန်ထည့်ပေးဖို့တို့၊ ၄ နဲ့ ကန့်ကွက်တဲ့သူကလည်း တကယ်ကန့်ကွက်တာမှန်ကန်တယ်ဆိုရင် မဲစာရင်းထဲကဖြုတ်မှာပေါ့၊ အချက်အလက်အမှားအယွင်းတွေကတော့ ပြန်ထည့်ပေးမှာပေါ့ ပုံစံ(၃) (၄) အပေါ်မူတည်ပြီးတော့ မဲစာရင်းအတိုးအလျှော့တော့ရှိလာမယ်’’ဟု ဦးလင်းကျော်ကပြောသည်။

လက်ရှိအချိန်တွင် မဲစာရင်းအမှားများ ပြန်လည်ပြင်ဆင်နိုင်ရန် ပြည်နယ် မဲစာရင်းစီစစ်ရေးအဖွဲ့အကူညီနှင့်သက်ဆိုင်ရာ အုပ်ချူပ်ရေးမှူးအဖွဲ့၊ ရပ်ကျေးကော်မရှင်များ၊ ဝန်ထမ်းများပူးပေါင်းပါဝင်မှုဖြင့် တအိမ်တက်ဆင်းစနစ်ဖြင့်ပြန်စီစစ်ပြီး နောက် ဒုတိယအကြိမ် မဲစာရင်းကို စက်တင်ဘာလနောက်ဆုံးပတ်တွင် ထပ်မံကြေညာသွားမည်ဖြစ်သည်။

#Zawgyi

ခ်င္းျပည္နယ္တြင္ ပထမအျကိမ္ မဲစာရင္းလာေရာက္ျကည့္ရႈသူ တစ္သိန္းေက်ာ္ရွိသည့္အနက္ မဲစာရင္း ျပင္ဆင္၊ ျဖည့္စြက္၊ ကန့္ကြက္သူ ၃ ေသာင္းနီးပါးရွိသည္ဟု ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ့ထံမွသိရသည္။

မဲစာရင္းတြင္အမည္မပါလာသည့္အတြက္ အမည္ထည့္သြင္းေပးရန္ ပံုစံ(၃) ျဖင့္ေလွ်ာက္ထားသူ ၁၄၄၃ ဦး၊ မဲစာရင္းတြင္မ ပါသင့္ သူပါေနေသာေျကာင့္ ပံုစံ (၄) ျဖင့္ ကန့္ကြက္သူ ၁၂၄၆၇ ဦးနွင့္ မဲစာရင္းတြင္ အခ်က္အလက္မွားယြင္းေန သာေျကာင့္ ပံုစံ (၄­-ဂ )ျဖင့္ ျပင္ဆင္သူ ၁၆၀၄၀ ရွိျပီး ျပင္ဆင္၊ ျဖည့္စြက္၊ ကန့္ကြက္သူေပါင္း ၂၉၉၅၀ ဦးရွိသည္ဟု ခ်င္းျပည္နယ္ေရြးကာက္ပြဲေကာ္မရွင္အတြင္းေရးမႉးဦးလင္းေက်ာ္ကေျပာသည္။

“ အေထြေထြဦးစီးဌာနက လူဦးေရစာရင္းကိုေကာက္ေပးတယ္ ၂၀၁၉ မွာဆိုေတာ့ က်န္ခဲ့တဲ့သူေတြရွိမွာေပါ့ အိမ္မွာလူမရွိတာ ၊ စာရင္းယူတဲ့အခါမွာ အခ်က္အလက္ေတြကို တိတိက်က် မေျပာနိုင္တာေတြရွိမယ္၊ တခ်ို့ဆိုရင္လည္း ကိုယ့္သားသမီးေတြ ကြယ္လြန္သြားျပီဆိုရင္လည္း အိမ္ေထာင္စုစာရင္းကေနလည္း မထုတ္ျကဘူးေလ ၊ တခ်ို့အိမ္ေထာင္စုကနိုင္ငံျခားသြားတဲ့သူေတြကိုလည္း ထည့္ေပးလိုက္တာမ်ိုးေပါ့ ၊ ပါသင့္တဲ့သူေတြမပါပဲ မပါသင့္တဲ့သူေတြပါတာေပါ့ ”ဟု ဦးလင္းေက်ာ္ကေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲအတြက္ ပထမအျကိမ္မဲစာရင္းကို ဇူလိုင္လ ၂၅ ရက္ေန့မွ ျသဂုတ္လ ၁၄ ရက္ေန့အထိ သက္ဆိုင္ရာ ရပ္ေက်းအုပ္ခ်ူပ္ေရးမႉးရံုးမ်ားတြင္ အသီးသီးကပ္ထားေျကညာခဲ့ျကျခင္းျဖစ္သည္။

ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ့၏ စာရင္းအရ ခ်င္းျပည္နယ္တြင္ ဆနၵမဲေပးပိုင္ခြင့္ရွိသူ (၃၄၂၁၄၂) ရွိသည့္ အနက္ မဲစာရင္းလာျကည့္သူ(၁၁၀၄၅၉) ဦးရွိျပီး ရာခိုင္နႈန္းအားျဖင့္ ၃၂.၄ ဝန္းက်င္ခန့္ရွိသည္။

“ခုကြ်န္ေတာ္တို့ပံုစံ (၃) ၊ (၄) ၊ (၄-ဂ) ေတြကိုစီစစ္ဆဲကာေပါ့၊ ၃ နဲ့ေလွ်ာက္တဲ့သူကလည္း တကယ္မဲေပးပိုင္ခြင့္ရွိတဲ့သူ မွန္ကန္တယ္ဆိုရင္ က်ေနာ္တို့ျပန္ထည့္ေပးဖို့တို့၊ ၄ နဲ့ ကန့္ကြက္တဲ့သူကလည္း တကယ္ကန့္ကြက္တာမွန္ကန္တယ္ဆိုရင္ မဲစာရင္းထဲကျဖုတ္မွာေပါ့၊ အခ်က္အလက္အမွားအယြင္းေတြကေတာ့ ျပန္ထည့္ေပးမွာေပါ့ ပံုစံ(၃) (၄) အေပၚမူတည္ျပီးေတာ့ မဲစာရင္းအတိုးအေလွ်ာ့ေတာ့ရွိလာမယ္’’ဟု ဦးလင္းေက်ာ္ကေျပာသည္။

လက္ရွိအခ်ိန္တြင္ မဲစာရင္းအမွားမ်ား ျပန္လည္ျပင္ဆင္နိုင္ရန္ ျပည္နယ္ မဲစာရင္းစီစစ္ေရးအဖြဲ့အကူညီနွင့္သက္ဆိုင္ရာ အုပ္ခ်ူပ္ေရးမႉးအဖြဲ့၊ ရပ္ေက်းေကာ္မရွင္မ်ား၊ ဝန္ထမ္းမ်ားပူးေပါင္းပါဝင္မႈျဖင့္ တအိမ္တက္ဆင္းစနစ္ျဖင့္ျပန္စီစစ္ျပီး ေနာက္ ဒုတိယအျကိမ္ မဲစာရင္းကို စက္တင္ဘာလေနာက္ဆံုးပတ္တြင္ ထပ္မံေျကညာသြားမည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.