• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်၏ ပထမဦးဆုံးသားဖွားသင်တန်းကျောင်း ဟားခါးတွင်တည်ဆောက်မည်

ချင်းပြည်နယ်၏ ပထမဦးဆုံးသားဖွားသင်တန်းကျောင်း ဟားခါးတွင်တည်ဆောက်မည်

0
By Editor on March 12, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်၏ ပထမဦးဆုံးသားဖွားသင်တန်းကျောင်းကို ဟားခါးမြို့တွင် တည်ဆောက်ရန် ယနေ့နံနက်ပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပန္နက်ရိုက်အခမ်းအနား ကျင်းပခဲ့ကြသည်။

ဟားခါးမြို့၊ ပညာရေးကောလိပ်အနီးတွင်တည်ဆောက်မည့် သားဖွားသင်တန်းကျောင်းကို ချင်းပြည်နယ်ဝန်ကြီးချူပ် ဦးဆလိုင်းလျန်လွယ်နှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်တို့က ယနေ့နံနက်ပိုင်းက ပန္နက်ရိုက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ချင်းပြည်နယ်က သားဖွားသင်တန်းကျောင်းမရှိတဲ့အတွက် ရန်ကုန်မှာပဲတက်ရတယ်၊ အခု ဒီဟားခါးမှာဖွင့်မယ်ဆိုရင် ကျွန်တော်တို့ အနည်းဆုံး အယောက်တစ်ရာ၊ တစ်ရာနှစ်ဆယ်လောက် တက်နိုင်မယ်၊ ဆိုတော့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကလည်း ပိုအားကောင်းလာမယ်၊ သားဖွားဆရာ/ဆရာမတွေ ကျွန်တော်တို့ချင်းပြည်နယ်အတွက် ပိုပြီးအားဖြည့်လာနိုင်မှာ၊ အဲဒါကြောင့် ဒီဟာကတော့ ဒေသအတွက် အကျိုးအမြတ်အများကြီးဖြစ်ထွန်းမယ်လို့ ယုံကြည်ပါတယ်’’ ဟု ပြောသည်။

အဆိုပါသားဖွားသင်တန်းကျောင်းအတွက် ချင်းပြည်နယ်အစိုးရမှ ဘတ်ဂျက် သန်း (၉၇၀) ချပေးထားပြီး အဆောက်အဦး (၂) ခု စာသင်ဆောင်နှင့် ကျောင်းသား/ကျောင်းသူများအဆောင်ကို ယခုနှစ်အတွင်း အပြီးတည်ဆောက်ကာ လာမည့်နှစ်တွင်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း လူမှုရေးဝန်ကြီးကပြောသည်။

(ဓာတ်ပုံ – Patrick)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.