• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်၏ ပထမဦးဆုံးသော အားကစားနှင့်ကာယပညာ (သိပံ္ပ) ကျောင်း ဟားခါးတွင်တည်ဆောက်မည်

ချင်းပြည်နယ်၏ ပထမဦးဆုံးသော အားကစားနှင့်ကာယပညာ (သိပံ္ပ) ကျောင်း ဟားခါးတွင်တည်ဆောက်မည်

0
By Editor on May 1, 2019 Headline

By လားနွန် – ချင်းပြည်နယ်၏ ပထမဦးဆုံးသော အားကစားနှင့်ကာယပညာ (သိပံ္ပ) ကျောင်းကို ဟားခါးမြို့တွင် ယခုဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ချင်းပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူမှ ဧပြီလ ၂၉ ရက်နေ့က အုတ်မြစ်ချအမွှေးနံ့သာရေပက်ဖြန်းပေးခဲ့သည်ဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ထူးချွန်ထက်မြတ်သော လူငယ်များ မွေးထုတ်နိုင်ရန်နှင့် ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်များမြှင့်တင်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ တည်ဆောက်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ လူတိုင်းကစားနိုင်အောင် အားကစားကိုမြှင့်တင်ပေးတဲ့ မူဝါဒရှိတယ် လူတိုင်းလူတိုင်းကစားဖို့ ကျန်းမာရေးအတွက်ကစားဖို့ နံပတ်တစ်ပေါ့ ပြီးတော့ အား/ကာ သိပ္ပံဆိုတာကတော့ ပင်ကိုယ်စွမ်းရည်ရှိတဲ့ ကလေးတွေကိုမွေးထုတ်နိုင်ဖို့ သိပ္ပံဆိုတော့လည်း ကစားဖို့တစ်ခုတည်းလည်းမဟုတ် နည်းပညာတွေရှိမယ်ပြီးတော့ လူငယ်တွေဆိုတော့ ခုနှစ်တန်းအောင်တဲ့ ကလေးတစ်ယောက်က သူ့သတ်မှတ်ချက်အရပ်မောင်းရှိမယ် စိတ်ဝင်စားမှုရှိရင် တက်လာမယ် ဘွဲ့ရတာနဲ့ ဒီအားကစားသင်တန်းပြီးတာနှင့် နောက်ပိုင်းမှာ ကာယဆရာတို့ဘာတို့မှာ ဦးစားပေးရွေးချယ်ဖို့ရှိတယ် ဒီလူငယ်တွေ အား/ကာ သိပ္ပံကျောင်းမှာရောက်ခြင်းအားဖြင့် ဒီအသက်မွေးဝမ်းကျောင်းမှာလည်းအကျိုးရှိသလို ဒီအားကစားပညာကိုလည်း အရင်ထက်စာရင် ပိုပြီးတော့ လူထုထဲ ရောက်အောင်ပို့နိုင်မှာပေါ့နော် ပြီးတော့ သိပ္ပံကနေထွက်တဲ့ကလေးတွေဆိုရင် စနစ်တကျမွေးထုတ်ထားတဲ့ ကလေးတွေဖြစ်တဲ့အတွက်ကြောင့် အာဆီယံအဆင့်မှာ ရွှေတံဆိပ်တွေရနိုင်အောင် ထူးချွန်တဲ့ကလေးတွေပေါ်နိုင်အောင် အား/ကာ သိပ္ပံကနေသွားအားကိုးနိုင်မည်လို့ ယုံကြည်ပါတယ်” ဟု ၀န်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။

အားကစားနှင့်ကာယပညာ (သိပံ္ပ) ကျောင်းတွင် သင်တန်းသား၊ သင်တန်းသူအဆောင်အပါအ၀င် အဆောက်အဦး ၄ ခုတည်ဆောက်မည်ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေသန်း ၂၀၀ ဘတ်ဂျက်ချထားပေးသည်ဟု သိရသည်။

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ကျပ်ငွေသန်း ၁၉၅ ခန့် ပြန်လည်ချပေးမည်ဟု သိရပြီး ရုန်းနှင့် သူရလင်းကုမ္ပဏီတို့မှ တာဝန်ယူဆောက်လုပ်ကြမည်ဟုသိရသည်။

အား/ကာသိပ္ပံကျောင်းတွင် အားကစား (၅) မျိုးဖြင့် စတင်သင်ကြားမည်ဖြစ်ကာ ချင်းပြည်နယ် (၉) မြို့နယ်ရှိ ကလေးငယ်များ တက်ရောက်နိုင်မည်ဖြစ်ပြီး ချင်းလူငယ်များ စိတ်ဝင်စားမှုရှိသည့် ဂျိုဒိုကရားတီးများ၊ မြှားပစ်ခြင်းများလည်း သင်ကြားပို့ချမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.