• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တိုက်ပွဲအတွင်း ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၅ ဦးကျဆုံး

ချင်းပြည်နယ်တိုက်ပွဲအတွင်း ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၅ ဦးကျဆုံး

0
By Editor on January 24, 2022 Headline

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဇန်နဝါရီလ ၂၂ နဲ့ ၂၃ ရက်နေ့ ၂ ရက်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ရသည်ဟုသိရသည်။

ယမန်နေ့ဇန်နဝါရီလ ၂၃ ရက်နေ့က ချင်းပြည်နယ် မတူပီ၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြရာမှာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဘက်က တပ်ရင်းမှူးတစ်ဦးအပါအဝင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ပါတယ်။

မတူပီမြို့နယ် ရေဇွာမြို့အနီးမှာ ယမန်နေ့က စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး CDF-Matupi တပ်ရင်း ၂ က ဆလိုင်း San Thar ကျဆုံးခဲ့ပြီး ခုချိန်ထိအလောင်းပြန် မရသေးဘူးလို့ CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ခုလိုပြောဆိုပါတယ်။

“ကျနော်တို့ ရဲဘော်တစ်ယောက်ကျသွားတယ် မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ ၃ နာရီလောက်စဖြစ်တယ် ၄ နာရီလောက်မှာ ကျသွားတာပါ ခုထိကိုအလောင်းမရသေးဘူး သူရှိတဲ့အလောင်းနေရာက CDF ရှိတဲ့နေရာနဲ့ အလောင်းရှိတဲ့နေရာကြားမှ စစ်ကောင်စီက နေရာယူထားတော့ အလောင်းကိုသွားမယူနိုင်သေးဘူး” လို့ သူကပြောပါတယ်။

ဆလိုင်း San Thar ဟာ CDF-Matupi တပ်ရင်း ၂ မှာ တပ်ရင်းမှူးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို ရေဇွာမြို့အနီး တိုက်ပွဲမှာ စစ်ကြောင်းမှူးအဖြစ် တာဝန်ယူထားသူဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ဗျူဟာအခြေစိုက်တဲ့နေရာဖြစ်တဲ့ မတူပီမြို့မှာ မကြာသေးခင်ရက်ပိုင်းက စစ်ကားအစီး ၉၀ လောက် ထပ်မံရောက်ရှိလာပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့လည်း သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းနယ်စပ်ဘက်မှာလည်း မနေ့က စစ်ကောင်စီနဲ့ CDF-Kanpetlet တို့ တစ်နာရီကျော်ကြာလောက် ပစ်ခတ်မှုဖြစ်ခဲ့ပြီး CDF-Kanpetlet က ရဲဘော်ဆလိုင်းစည်သူအောင် ကျဆုံးခဲ့တယ်လို့ CDF-Kanpetlet တပ်မမှူးကပြောပါတယ်။

“စေတုတ္တရာဘက်ကနေ ထိုးစစ်ဆင်လာတာ ကန်ပက်ကက်မြို့နယ်နဲ့ စေတုတ္တရာရဲ့နယ်စပ်ပေါ့နော ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အဲဒီမှာတိုက်ပွဲဖြစ်တာ အဲဒီမှာ ကျနော်တို့လူတစ်ယောက် ကျသွားတယ်၊ သူတို့ဘက်က အကျအဆုံးအထိခိုက်ကတော့ ကျနော်တို့မသိရဘူး” လို့သူကပြောပါတယ်။

ဒါ့အပြင် ဖလမ်းမြို့နယ်မှာလည်း ဇန်နဝါရီလ ၂၃ ရက်နေ့က ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် CNDF နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲအတွင်းမှာ CNDF က ရဲဘော်ဆလိုင်းဆပ်ဒင့်ထွာမ်းမာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ယခုလို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေထိခိုက်ကျဆုံးမှုတွေရှိနေပေမယ့် စိတ်ဓာတ်ကျစရာမလိုဘဲ ဒီထက် ပိုမိုတိုက်ခိုက်သွားမယ်လို့ CDF-Kanpetlet က တပ်မမှူးက ပြောပါတယ်။

“ချင်းမှာတော့ ကိုယ့်မြို့နယ်အလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ် ပူးပေါင်းစစ်ဆင်ရေးတွေလည်းရှိတယ် တပ်ရင်းတပ်မတွေဖွဲ့တယ် အဲဒီအောက်မှာ ကော်မတီတွေဖွဲ့တယ် ဒီလိုမျိုးဆိုတော့ ခေါင်းဆောင်ပိုင်းပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက် ထိခိုက်တာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြိုကွဲတာတို့ ဒီလိုမျိုးကတော့ စိုးရိမ်စရာမရှိပါဘူး ကျနော်တို့ ရဲဘော်တစ်ယောက်ကျလို့ရှိရင် ပိုပြီးခါမှ ခံပြင်းစိတ် strong ဖြစ်တယ် စိတ်ဓာတ်ကျသွားတာမျိုးမရှိပါဘူး ပိုပိုပြီးမှ အားကောင်းလာဖို့ပဲရှိတယ်” လို့ CDF-Kanpetlet တပ်မမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ကလေး-တီးတိန်ကားလမ်းပေါ်က ဟိန်ဇိန်ကျေးရွာအနီးတိုက်ပွဲမှာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ချင်းအမျိုးသားတပ်မတော် CNA က ဆလိုင်းကျူံးလျန်ဆန်းနဲ့ PDF-Zoland က ကိုမှုန်နိုးတို့ မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း အနည်းဆုံးအယောက် ၄၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ လူအင်အား လက်နက်အင်အား မမျှတာကြောင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကလေး-တီးတိန် ကားလမ်းမပေါ်က အချက်အချာကြတဲ့ သိုင်းငင်ကျေးရွာကို စွန့်လွှတ်လိုက်ရတယ်လို့လည်း သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းတွင် ကျောင်းအပ်နှံခြင်းမပြုရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြား

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ပလက်ဝမြို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.