• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ် ဖလမ်း-တီးတိန်-တွန်းဇံမြို့နယ်တို့တွင် ကိုဗစ်ကြောင့်သေဆုံးမှု ဆက်လက်မြင့်တက်

ချင်းပြည်နယ် ဖလမ်း-တီးတိန်-တွန်းဇံမြို့နယ်တို့တွင် ကိုဗစ်ကြောင့်သေဆုံးမှု ဆက်လက်မြင့်တက်

0
By Editor on July 14, 2021 Khonumthung

ချင်းပြည်နယ် မြောက်ပိုင်းဒေသ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေပြီး သေဆုံးမှုများလည်း မြင့်တက်လျက်ရှိသည်။

ဖလမ်းမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှ ဇူလိုင်လ (၁၃) ရက်နေ့အထိ ကိုဗစ်ကြောင့်သေဆုံးသူ (၂၉) ဦးရှိပြီး သေဆုံးသူအများစုမှာလည်း ရောဂါအခံရှိသူများဖြစ်ကြသည်ဟု ဖလမ်းမြို့မှ ကိုဗစ်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မြို့ပေါ်မှ သေဆုံးတာ (၂၅) ဦး မြို့နယ်ကျေးရွာဘက်မှ (၄) ဦးသေဆုံးတယ်၊ အများသောအားဖြင့် ဆေးချိုသွေးချိုတွေများတယ်၊ ဒါလည်းရောဂါအခံရှိလို့ ဖြစ်သွားတယ်လေ၊ ရောဂါအခံမရှိဘဲ သေဆုံးတဲ့သူတွေကတော့ (၄) ယောက်လောက်ဖြစ်မယ်ထင်တယ်၊ ဒီနေ့တော့ သေဆုံးတာမရှိဘူး၊ သာမန်သေဆုံးတာတစ်ဦးရှိတယ်” ဟု ဖလမ်းမြို့မှ ကိုဗစ်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖလမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ကုသရေးပိုင်းတွင် ဆေးရုံမှ အောက်ဆီဂျင်ပြန်ဖြည့်သည့်စက်တွင် တစ်ရက်လျှင် အလုံး (၃၀) သာဖြည့်လို့ရခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှု အခက်အခဲရှိကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် တီးတိန်မြို့တွင် ယနေ့ဇူလိုင် (၁၃) ရက်နေ့အထိ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ (၂၀) ကျော်ရှိပြီဟု တီးတိန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး volunteer တစ်ဦးမှ သိရသည်။

“၂၀ ဝန်းကျင်ရှိမယ် (၁၆) ဝန်းကျင်က ဆေးရုံပေါ့၊ ပြီးတော့ အပြင်မှာ သူတို့ဟာသူတို့ test ပြီးတော့ ကိုဗစ်-၁၉ Positive အယောက်ပေါင်းနဲ့ဆိုရင် ၂၀ ကျော်ပေါ့၊ အဓိက ရောဂါအခံရှိတဲ့သူတွေ အများဆုံးသေဆုံးတာ” ဟု တီးတိန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး volunteer တစ်ဦးမှ သိရသည်။

တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၄၆၀) ရှိသည်ဟု သိရသည်။

တီးတိန်မြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးထိန်းချုပ်ရေးပိုင်းတွင် သမားတော်အထူးကုဆရာဝန်မရှိခြင်းနှင့် အောက်ဆီဂျင်မလုံလောက်မှုအခက်အခဲ ဆက်လက်ရင်ဆိုင်နေရသည်ဟု သိရသည်။

တွန်းဇံမြို့နယ်တွင် တွန်းဇံမြို့နှင့် ကျီခါးမြို့တို့တွင်လည်း ကူးစက်မှုမြင့်မားပြီး သေဆုံးသူစုစုပေါင်း ဇူလိုင်လ (၁၃) ရက်နေ့အထိ (၂၆) ဦးရှိပြီဟု တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာထန်ရှန်ထံမှ သိရသည်။

တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှု (၃၃၈၀) ဦးစစ်ဆေးခဲ့ပြီဖြစ်ပြီး Positive တွေ့ (၆၄၉) ဦးရှိပြီး ရောဂါပိုးတွေ့များမှ ပြန်လည်ကောင်းမွန်လာသူ (၅၈၁) ဦးရှိကြောင်း သိရသည်။

တွန်းဇံမြို့ ကိုဗစ် ၁၉ ပိုးတွေ့လူနာများကုသရေးပိုင်းတွင် ဝန်ထမ်းမလုံလောက်မှုကြောင့် အခက်အခဲရင်ဆိုင်နေရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.