• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ် မြောက်ပိုင်းမြို့များနှင့် ကလေးမြို့နယ်တဝိုက်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေ

ချင်းပြည်နယ် မြောက်ပိုင်းမြို့များနှင့် ကလေးမြို့နယ်တဝိုက်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေ

0
By Editor on October 5, 2022 Khonumthung

ချင်းပြည်နယ် မြောက်ပိုင်းမြို့များနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် MPT, Telenor ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ ရက်သတ္တပတ်ခန့်ရှိနေပြီဖြစ်ကာ ဒေသခံပြည်သူများ အခက်ကြုံနေကြရသည်ဟု သိရသည်။

ဖုန်းလိုင်းများ ဆက်တိုက်ပျောက်နေတာကြောင့် ဒေသခံပြည်သူများ အချင်းချင်းဆက်သွယ်ရာမှာသော်လည်းကောင်း၊ လုပ်ငန်းခွင်မှာသော်လည်းကောင်း အခက်အခဲများနှင့် ဆုံးရှုံးမှုများ ရင်ဆိုင်နေကြရသည်ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

“ဖုန်းလိုင်းရတဲ့ချိန်ဆို ကိုယ်နေတဲ့နေရာကနေ အရေးကြီးကိစ္စဆို ချက်ချင်းသိ၊ ချက်ချင်းဆောင်ရွက်လို့ရတာပေါ့နော်။ ဖုန်းလိုင်းက ရတချက်၊ မရတချက်ဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ အလုပ်က အချင်းချင်းဖုန်းနှင့် ဆက်သွယ်ရတယ် အလုပ်သမားတွေကို ဖုန်းနှင့် လှမ်းမှာပြီး ဆောင်ရွက်ရတဲ့ အလုပ်ဆိုတော့ ဖုန်းခေါ်လို့မရရင် ကိုယ်တိုင် ကား၊ ဆိုင်ကယ်နှင့် နေရာတကာသွားနေရတယ်လေ၊ ဆီကုန် လူပင်ပန်း အလုပ်မှာလည်း နှောင့်နှေးနေပြီဗျာ။” ဟု ကလေးမြို့တွင် လုပ်ငန်းခွင်ဦးဆောင်သူတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း MPT, Telenor ဖုန်းလိုင်းများအား ဆက်တိုက်ဖုန်းခေါ်၍မရသည်မှာ ၇ ရက်နီးပါးရှိနေပြီး Ooredoo ဖုန်းလိုင်းရသော်လည်း ခေါ်ဆိုရန် အဆင်မပြေကြောင်း ၎င်းကဆက်ပြောသည်။

ဖုန်းလိုင်းများ ပြတ်တောက်ပြီး မိုဘိုင်းဒါတာများ အသုံးပြု၍မရတော့သောကြောင့် အင်တာနက်သုံးစွဲ၍လည်းမရကြောင်း Wifi လိုင်းဆွဲနိုင်သည့် သူအချင်းချင်းသာ အင်တာနက်အသုံးပြု၍ ဆက်သွယ်လို့ရကြောင်း သိရသည်။

ချင်းပြည်နယ် မြောက်ပိုင်းမြို့များဖြစ်သည့် ဟားခါးမြို့၊ ဖလမ်းမြို့နှင့် တီးတိန်မြို့များတွင်လည်း ဖုန်းလိုင်းများ ပြတ်တောက်နေပြီး wifi အင်တာနက်လိုင်းများလည်း နှေးနေတာကြောင့် လိုအပ်သည့်အချိန်တွင် ဆက်သွယ်ရန် ခက်ခဲမှုများ ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

တီးတိန်မြို့ခံတစ်ဦးက “ဒီမှာ MPT နဲ့ Telenor လိုင်းမရတာကြာပြီ Ooredoo လိုင်းတော့ သုံးလို့ရတယ်၊ ဒါပေမယ့် အဲဒါလည်း အရမ်းကြီးအဆင်ပြေမနေဘူး၊ ခုတလော ဖုန်းလိုင်းမကောင်းတော့ အတော်လေးဒုက္ခရောက်တယ်” ဟု ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.