• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် (၈) မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်းဖြတ်တောက်

ချင်းပြည်နယ် (၈) မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်းဖြတ်တောက်

0
By Editor on September 25, 2021 Headline

ချင်းပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများကိုစက်တင်ဘာလ ၂၃ ရက်နေ့ညနေ ၆ နာရီခန့်ကစ၍ စစ်ကောင်စီကဖြတ်တောက်ထားပြီး ယနေ့ထိ အင်တာနက်အသုံးပြု၍မရသေးကြောင်း ဒေသခံများထံမှ သိရသည်။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ပြည်နယ်၏မြို့တော် ဟားခါးမြို့နယ်ကလွဲ၍ ကျန် ၈ မြို့နယ်ဖြစ်သည့် ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ပလက်ဝမြို့နယ်တို့တွင် ဆက်သွယ်ရေးအင်တာနက်လိုင်း ဖြတ်ထားခြင်းဖြစ်သည်။

တီးတိန်မြို့ဒေသခံတစ်ဦးက “မနေ့ညနေပိုင်း ၃ နာရီကျော်လောက်က ဒေတာလည်းမရဘူးအခုထိ ကျွန်တော်တို့ လိုင်းမရတော့ ဘာသတင်းမှမရတော့ဘူး၊ ဒေတာဖွင့်ရင်လိုင်းက အပြည့်ပေါ်တာလေ အခုက ၁ တုံးလောက်ပဲပေါ်တာ လိုင်းတွေပြတ်တော့ ဘာဖြစ်နေလဲဆိုတာလည်း မသိရဘူး” ဟု ပြောသည်။

ချင်းပြည်နယ်တွင် MPT ဖုန်းလိုင်းများကို အများစုအသုုံးပြုကြပြီး ယခုအင်တာနက်ဖြတ်တောက်မှုတွင်လည်း အဓိက MPT မိုးဘိုင်းဒေတာများဖြစ်ပြီး တချို့မြို့နယ်များတွင် ဖုန်းပြောဆိုရန်အ တွက်လည်း အခက်အခဲဖြစ်နေကြကြောင်းလည်း သိရသည်။

မတူပီမြို့ခံတစ်ဦးက “အင်တာနက်လိုင်း MPT က ဖြတ်ထားတော့ လိုင်းသုံးလို့မရဘူး၊ Telenor လည်း ၂ ရက်လောက် လိုင်းပြတ်တယ် တလှည့်စီပဲ၊ အခုပြန်ရပေမယ့် သုံးလို့တော့ သိပ်ပြီးအဆင်မပြေဘူး၊ MPT လည်း အခုက ဖုန်းခေါ်ဖို့လည်း သိပ်ပြီးတော့ မရဘူး ဆက်သွယ်မှုဧရိယာပြင်တို့လိုပဲပြောတာ” ဟု ပြောသည်။

ချင်းပြည်နယ် ထန်တလန်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီမှ လက်နက်ကြီးအလွန်အကျွံပစ်ခတ်မှု ကြောင့် လူနေအိမ် ၁၉ လုံးလောင်ကျွမ်းသည့်အပြင် ခရစ်ယာန်အမှုတော်ဆောင်ပါစတာတစ်ဦးလည်းသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ပြစ်တင်ရှုတ်ချဝေဖန်မှုများလာသည့်နောက်မှာ ယခုကဲ့သို့ ချင်းပြည်နယ်တွင် အင်တာနက်လိုင်းများကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ အင်တာနက်လိုင်းဖြတ်တောက်ခံထားရခြင်းကြောင့် အွန်လိုင်းအသုံးပြုသည့်လုပ်ငန်းများအတွက် အခက်ကြုံနေရကြသည့်အပြင် သတင်းအချက်အလက်သိရှိနိုင်မှုလည်းမရှိတော့သည့် ရေရှည်ဖြတ်တောက်ခံရမည်ကို စိုးနေနေကြရသည်။

ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက “မနေ့ညနေပိုင်းက မရတော့တာ၊ အင်တာနက်မရတော့ ဒုက္ခရောက်တယ်၊ ကျန်းမာရေးသတင်းကအစ မသိရတော့ဘူး၊နောက်ငွေလဲငွေထုတ်ကစပေါ့ ဘဏ်တွေက အဆင်မပြေတဲ့အချိန်မှာ Wavemoney နဲ့ ငွေအလွဲအပြောင်းလုပ်ကြတာ၊ နောက်ရုံးလုပ်ငန်းကအစ၊ အွန်လိုင်းစျေးရောင်းစျေးဝယ်လုပ်တဲ့သူ တွေအတွက်ပါခက်ခဲတာ၊ ပြီးတဲ့လကုန်က အင်တာနက်ပိတ်မယ်လို့ကြားနေရပေမယ့် အခုကအမှန်တ ကယ်ကို ပိတ်လိုက်တာ။” ဟု ပြောသည်။

စစ်ကောင်စီသည် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လတုန်းကလည်း ရက္ခိုင့်တပ်တော် AA နှင့် စစ်မက်ဖြစ်ပွားရာဒေသ ရခိုင်ပြည်နယ် (၈) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေး အင်တာနက်လိုင်းများကို တစ်နှစ်ကျော်ကြာပိတ်ပင်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်တွင် စကစ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုရှိ၊ မင်းတပ်-မတူပီလမ်းကို အသုံးမပြုရန် ထုတ်ပြန်

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.