• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချောင်းခွရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ချောင်းခွရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

0
By Editor on August 15, 2022 Khonumthung

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ ချောင်းခွကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့သြဂုတ်လ ၁၂ ရက်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု PDF (Kalay) ကထုတ်ပြန်သည်။

ကလေးနည်းပညာတက္ကသိုလ်မှ ၁၀ မိုင်ခန့်အကွာ ချောင်းခွကျေးရွာအနီးသို့ ဦးတည်ရွေ့လျား လာသော စစ်ကောင်စီတပ်ဖွဲ့ကို သြဂုတ်လ ၁၂ ရက်နေ့နံနက်ပိုင်း ၁၁ နာရီခန့်ကစ၍ PDF (Kalay) တပ်ရင်း (၁) ၊ (၂) ၊ (၅) ၊ (၆) ၊ (၇) ၊ ပ.က.ဖ (ကလေး) နှင့် CNDF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ညနေ ၅ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးပြီး PDF (Kalay) မိုင်းတပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်လည်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုများပြားနိုင်ကြောင်း PDF (Kalay) က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သြဂုတ်လ ၁၂ ရက်နေ့ညနေ ၅ နာရီခန့်တွင် ချောင်းခွကျေးရွာသို့ဝင်ရောက်ပြီး လူနေအိမ်ခြေ ၁၂ လုံးကို မီးရှိုဖျက်ဆီးခဲ့သည်ဟုသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့သြဂုတ်လ ၁၃ ရက်နေ့တွင် ချောင်းခွကျေးရွာမှတဆင့် ကလေးမြို့နယ်တောင်ပိုင်းသို့ ဆက်လက်ဦးတည်ရွေ့လျားသွားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.