မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ နှမ်းခါးနှင့် ထှယ်လှော်ရွာအကြားတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့နံနက်ပိုင်းကစ၍ တိုက်ပွဲပြင်းထန်လျက်ရှိပြီး မော်တော်ယာဉ်များ ဂန့်ဂေါ်ဘက်သို့ မောင်းနှင်းခြင်းမပြုကြရန် PDF (Kalay) သတိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သုံးယာဉ်များအသုံးပြု၍ စစ်သားအင်အား ဖြည့်တင်းလျက်ရှိသည့်အတွက်ကြောင့် ကလေးမြို့ဘက်မှ မည်သည့် မော်တော်ကားအမျိုးအစားမဆို ဂန့်ဂေါဘက်သို့ မောင်းနှင်သွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် ထပ်မံသတိပေးလိုက်သည်ဟု PDF (Kalay) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ သတိပေးသည့်ကြားမှ မောင်းနှင်သွားလာသော မည်သည့် မော်တော်ကားအမျိုးအစားကိုမဆို မိမိတို့တပ်ဖွဲ့ဝင်များက မလွဲမရှောင်သာ ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်သည်ဟုလည်း PDF (Kalay) သတိပေးထားသည်။