• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဂျပန်ပိုးဥများ ပုံမှန်ရရှိနိုင်ရန် အစိုးရအနေဖြင့် ဆောင်ရွက်ပေးစေလိုဟု ပိုးမွေးတောင်သူများပြော

ဂျပန်ပိုးဥများ ပုံမှန်ရရှိနိုင်ရန် အစိုးရအနေဖြင့် ဆောင်ရွက်ပေးစေလိုဟု ပိုးမွေးတောင်သူများပြော

0
By Editor on October 8, 2019 Khonumthung

By လားနွန် – ပိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော ဂျပန်နိုင်ငံမှ ပိုးဥများပုံမှန်ရရှိနိုင်ရေးအတွက် အစိုးရက ကူညီဆောင်ရွက်ပေးစေလိုသည်ဟု ပိုးတောင်သူများ ကပြောသည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ဆယ်စုနှစ်ပေါင်းများစွာလုပ်ကိုင်ခြင်းမရှိတော့သည့် ပိုးမွေးမြူရေးလုပ်ငန်းကို မုခွယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းမှဦးဆောင်၍ မကြာသေးခင်ကပြန်လည်စတင်လုပ်ကိုင်လာ ခဲ့ကြခြင်းဖြစ်သည်။

ပိုးအမျိုးအစားတွင် ဂျပန်ပိုးဥသည်အကောင်းဆုံးဖြစ်ပြီး ပုံမှန်ရရှိနိုင်ရေးအတွက် အစိုးအနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုသည်ဟု မုခွယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဌ ဦးဆောမ်လျန်းပေါင်ကပြောသည်။

“ပိုးဥမှာ ဂျပန်ကအကောင်းဆုံး၊ ပြီးရင် ကိုးရီးယား ကျန်းမာရေးသန်စွမ်းတဲ့ ပိုးဥမျိုးပုံမှန်ရနိုင်ဖို့ အခက်အခဲရှိတယ်၊ အစိုးရကနေ ဟိုတုန်းကလိုလုပ်ပေးနိုင်မယ်ဆိုရင်တော့ ပိုးမွေးချင်တဲ့လူကတော့ အများကြီးပေါ်မှာပဲ၊ မဆလအစိုးရခေတ်တုန်းကတော့ ဂျပန်ပိုးနဲ့ကိုးရီးယားပိုးကို အစိုးရက လုပ်ပေးတာလေ’’ ဟု ဦးဆောမ်လျန်းပေါင်ကပြောသည်။

တွန်းဇံမြို့နယ်တွင် ပိုးမွေးမြူရေးလုပ်ငန်းကို ၁၉၆၀ မှစတင်ကာ ၁၉၇၉ ခုနှစ်အထိ အောင်အောင်မြင်မြင်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရဘက်မှ ပံ့ပူးကူညီမှုများရပ်တန့်သွားသည့်အပြင်ပိုးအိမ်ဈေးကွက်ပျက်လာကာ တောင်သူများအတွက် တွက်ခြေမကိုင်တော့သည့်အတွက် ပိုးမွေးမြူရေးလုပ်ငန်းကိုရပ်ဆိုင်းခဲ့ကြရသည်ဟု သိရသည်။

တွန်းဇံမြို့နယ်တွင် ပိုးမွေးမြူရေးလုပ်ငန်းများပြန်လည်ဦးမော့လာစေရန်အတွက် မုခွယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများသည် ဂျပန်၊ ထိုင်း နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် သွားရောက်လေ့လာကြပြီး ဂျပန်နိုင်ငံသား ၂ ဦး၏ အကူအညီဖြင့် စတင်အကောင်အထည်ဖော်နိုင်ခြင်းဖြစ်သည်ဟု ဦးဆောမ်လျန်းပေါင်ကပြောသည်။

ချင်းပြည်နယ်တွင် ပိုးမွေးမြူးရေးအားကောင်းလာစေရေးအတွက် အစိုးရအဖွဲ့အတွင်း နယ်မြေခံဝန်ကြီးများနှင့် ပြောဆိုဆွေးနွေးမှု၊ ဒေသခံတောင်သူများအား သင်တန်းများပို့ချမှုရှိခဲ့ကြောင်း သို့သော်လည်း ဘတ်ဂျက်တွင်ထည့်သွင်းခြင်းရှိမရှိကိုမမူမသိရကြောင်း ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ဒေသခံတွေကို တွန်းဇံဘက်ကရော တီးတိန်ဘက်ကရော တီးတိန်မှာသင်တန်းပေးတယ် စိုက်ပျိုးဌာနက အစီအစဉ်နဲ့ နိုင်ငံခြားပညာရှင်တွေကိုခေါ်ပြီး ပြည်ထောင်စုကလည်းအကူအညီပေးတယ်ပေါ့ ကျနော်တို့ကလဲ ဒီကပညာရှင်တွေရဲ့လိုအပ်ချက်တွေကို စည်ပင်ကတာဝန်ခံပြီးတော့ ဖြည့်ဆေးပေးတယ် ဘက်ဂျက်ကတော့ ထည့်မထည့်တော့ ကျနော်လည်းအမှတ်တမဲ့ဖြစ်နေတယ်” ဟု စည်ပင်ဝန်ကြီးကပြောသည်။

ပိုးမွေးရေးလုပ်ငန်းများပြန်လည်အသက်ဝင်လာလျှင် ပိုးချည်မျှင်တင်ပို့ရောင်းချခြင်း ယက္ကန်းလုပ်ငန်းလုပ်လာနိုင်မည်ဆိုလျှင် ဒေသအတွက်အများကြီးအထောက်အကူဖြစ်မည်ဟု တွန်းဇံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်ကပြောသည်။

“ကျမတို့ အခုဆိုရင် ယက္ကန်းမှာသုံးတဲ့ ပိုးချည်မျှင်တွေကို နိုင်ငံခြားကနေသွင်းရတယ်၊ ကျမတို့ဒေသမှ ခြေမျှင်အဆင့်ထိထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်တဲ့အခြေအနေဖြစ်လာရင်၊ ကိုယ့်ချည်မျှင်နဲ့ ယက္ကန်းလုပ်ငန်းတွေလုပ်ကိုင်လာနိုင်မယ်ဆိုရင် မိသားစုအားလုံးပူးပေါင်းလုပ်ကိုင်တဲ့ လုပ်ငန်းလည်းဖြစ်မယ် ကိုယ်ရဲ့ဒေသမှာထွက်တဲ့ ကိုယ့်ဒေသထုတ်ကုန်အနေလုပ်ပြီးတော့မှ တင်ပို့ရောင်းချမယ်ဆိုရင် ဒေသအတွက်တော့အများကြီးအကျိုးရှိမယ်” ဟု ဒေါ်ကျိန်ငိုက်မန်ကပြောသည်။

ဓာတ်ပုံ – CW

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.