Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ငဖဲမြို့နယ် အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက် ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ၊ အမ်းမြို့နယ်မှ ထွက်ပြေးလာသော စစ်သုံ့ပန်း ၁၁ ဦးကို အရှင်ဖမ်းမိဟု CDF – Asho ထုတ်ပြန်

ငဖဲမြို့နယ် အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက် ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ၊ အမ်းမြို့နယ်မှ ထွက်ပြေးလာသော စစ်သုံ့ပန်း ၁၁ ဦးကို အရှင်ဖမ်းမိဟု CDF – Asho ထုတ်ပြန်

0
By Editor on January 6, 2025 Khonumthung

(004SS)

မကွေးတိုင်း၊ ငဖဲမြို့နယ် ညောင်ကိုင်းကျေးရွာအနီးတွင် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF- ASho ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chin Defense Force – Asho က ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲအချိန်တွင် ငဖဲမြို့နယ်၊ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း စေတုတ္တရာမြို့နယ်ဘက်သို့ ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ ကား ၂ စီးကို မင်းဘူးခရိုင်အမှတ် (၈) တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် CDF – Asho ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ မိနစ် ၂၀ ခန့်ကြာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့ ၂ ရက်အတွင်း၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားများအား CDF – Asho တပ်ဖွဲ့က ပိတ်ဆို့တားဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်သုံ့ပန်း ၁၁ ဦးမှာ အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာအနီးရှိ စခန်းများမှ ထွက်ပြေးလွတ်‌မြောက်လာသော စစ်ကောင်စီတပ်သားများဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထံမှ လက်နက်ငယ် ၉ လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင်များ သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာလကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဦးတည်ချီတက်နေသည့် စစ်ကောင်စီတပ်အင်အား ၉၀ ပါ စစ်ကြောင်း ၂ ခုကို CDF – Asho က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် ၂၅ ရက်မှ ၂၇ ရက် နေ့အထိ ၃ ရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၇ ဦးအရှင်ဖမ်းမိ‌ခဲ့သည့်အပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.