Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ္ေဘးဒဏ္ခံ ပလက္၀ၿမိဳ႕နယ္ရွိ ႏိ္ုင္ငံ့၀န္ထမ္းမ်ားအား မူရင္းလစာ၏ ၂ ဆခံစားခြင့္ျပဳ

စစ္ေဘးဒဏ္ခံ ပလက္၀ၿမိဳ႕နယ္ရွိ ႏိ္ုင္ငံ့၀န္ထမ္းမ်ားအား မူရင္းလစာ၏ ၂ ဆခံစားခြင့္ျပဳ

0
By Editor on January 8, 2021 Khonumthung

#Unicode

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးဒဏ်ခံနေရသော ပလက်ဝမြို့နယ်အတွင်းရှိ နိုင်င့ံဝန်ထမ်းများအား ၎င်းတို့မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စတဏပ်ရပ်အနေဖြင့် ခံစားခွင့်ပြုသည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများအဖြစ် သတ်မှတ်ထားသည့် မြို့ပေါ်၊ ကျေးရွာအုပ်စုများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများခံ စားလျက်ရှိသည့် ဒေသစရိတ်နှုန်းထားများအစား ဒေသ၏လက်ရှိအခြေအနေအရ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၂၁ ခုနှစ် မတ်လအထိ မူရင်းလစာ၏ (၂) ဆ ကိုအထူးကိစ္စတစ်ရပ်အနေဖြင့် ခံစားခွင့်ပြုလိုက်သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒီဇင်ဘာ (၃၀) ရက်နေ့ကထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူး ဦးအောင်လောဟာက “ဟုတ်ပါတယ် ဒီဇင်ဘာလမှ ဇန်နဝါရီ ဖေဖော်ဝါရီ မတ်လအထိပေါ့ လေးလစာ ခွင့်ပြုထားတယ်၊ ကောင်းပါတယ် ဒီမှာကတော့ ဝန်ထမ်းတွေက လစာက နှစ်ဆမတိုးဘူးဆိုရင် နယ်တွေ တာဝန်ထမ်းဆောင်ရတဲ့ အထူးသဖြင့် ကျောင်းဆရာမ ကျန်းမာရေးဝန်ထမ်းဆရာမတို့ဆိုရင် နယ်ဝေးတွေသွားရတယ်လေ ဒီကပလက်ဝရဲ့ လုံခြုံရေးအခြေအနေအရ သွားရေးလာရေးက သူတို့အတွက် အန္တရာယ်ရှိတဲ့အခါကျတော့ တခြား တိုင်းခြားပြည်ခြားကနေလာတဲ့ တာဝန်ထမ်းဆောင်တဲ့သူတွေကျတော့ တစ်ချို့ကျတော့ ထွက်စာတင်တယ် ပြောင်းစာတင်တယ် အဲလိုအပြောင်းအရွေ့တွေ ပြန်ပြောင်းတဲ့ဆရာဆရာမတွေကအများကြီး ကျောင်းတွေမှာ ဆရာဆရာမ မရှိတဲ့ကျောင်းတွေကအများကြီးလေ ဆိုတော့ လစာ (၂) ဆ ပေးခြင်းအားဖြင့် ပလက်ဝကိုပြောင်းရွှေ့ချင်တဲ့ ပုဂ္ဂိုလ်တွေထပ်ပြီးတော့ ပြန်ပေါ်လာနိုင်တယ်လေ တာဝန်ထမ်းဆောင်ချင်တဲ့ ပုဂ္ဂိုလ်တွေက ဘာပဲဖြစ်ဖြစ် နှစ်ဆလေးနဲ့လုပ်ကြည့်တော့ ဒီဘက်လာရတာဝန်မလေးတော့ဘူးပေါ့ကွာ” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ခံနေရသည့်ဒေသ ဖြစ်ပြီး ရခိုင်ပြည်နယ်ကျောက်တော်နှင့်ဆက်သွယ်သည့် ရေလမ်းကုန်လမ်းများလည်း ပိတ်ထားရသည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မှု၊ ကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုရင်ဆိုင်လျက်ရှိသည်။

ကုန်စျေးနှုန်းများမြင့်တက်နေသည့် ပလက်ဝမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ယခုလို ဝန်ထမ်းလစာတိုးမြင့်ပေးသည့်အပေါ် ဝမ်းသာကြောင်း ပလက်ဝမြို့နယ် အမျိုးသမီးများအဖွဲ့မှ ဒေါ်အောင်မဖြူကေ ပြာသည်။

“သူတို့လည်း ဝေးလံခေါင်ဖျားတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေရတာဆိုတော့ သူတို့လည်းရသင့်တယ် အခုလေးလစာပေါ့နော်ပေးတယ်ဆိုရင်လည်း ဒီထက်မကပေးရင်လည်း ကောင်းပါမယ် သူတို့အတွက် ဒီမှာကုန်စျေးနှုန်းလည်းကြီးတာဆိုတော့ တိုက်ပွဲနယ်မြေလည်းရှိတယ်ပေါ့နော် Covid -19 ရှိတယ်ဆိုတော့ တကယ်ဒုက္ခတွေ့တာလည်း ကုန်စျေးနှုန်းကြီးတော့ သူတို့အတွက်လည်းလိုအပ်တာပေါ့နော်” ဟု ဒေါ်အောင်မဖြူကပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် ဆန်တစ်အိတ် ကျပ် (၆၀၀၀၀)၊ အည့ံဆုံးဆန်တစ်အိတ် ကျပ် (၃၅၀၀၀)၊ ကြက်သားတစ်ပိသာ ၁၅၀၀၀ ကျပ်ခန့်ရှိသည်ဟု သိရသည်။

ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်မှစပြီး ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်တော်မတော်တို့ အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူ လူဦးရေ (၁၀၀၀၀) ဝန်းကျင်ရှိပြီး လမ်းကြောင်းများပိတ်ထားမှုကြောင့် စစ်ဘေးရှောင်များအပြင် ပြည်သူများအားလုံးနီးပါး အခက်အခဲကြုံနေရကြောင်းသိရသည်။

#Zawgyi

By လားႏြန္ – ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔အၾကား တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ စစ္ေဘးဒဏ္ခံေနရေသာ ပလက္၀ၿမိဳ႕နယ္ အတြင္းရွိ ႏိုင္င့ံ၀န္ထမ္းမ်ားအား ၎တို႔မူရင္းလစာ၏ ၂ ဆကို အထူးကိစၥတဏပ္ရပ္အေနျဖင့္ ခံစားခြင့္ျပဳသည္ဟု သိရသည္။ 

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ေ၀းလံေခါင္သီ၍ လူမႈေရးခက္ခဲေသာေဒသမ်ားအျဖစ္ သတ္မွတ္ထားသည့္ ၿမိဳ႕ေပၚ၊ ေက်းရြာအုပ္စုမ်ားတြင္ တာ၀န္ထမ္းေဆာင္ေနေသာ ႏိုင္ငံ့၀န္ထမ္းမ်ားခံ စားလ်က္ရွိသည့္ ေဒသစရိတ္ႏႈန္းထားမ်ားအစား ေဒသ၏လက္ရွိအေျခအေနအရ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလမွစ၍ ၂၀၂၁ ခုႏွစ္ မတ္လအထိ မူရင္းလစာ၏  (၂) ဆ ကိုအထူးကိစၥတစ္ရပ္အေနျဖင့္ ခံစားခြင့္ျပဳလိုက္သည္ဟု စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈ၀န္ႀကီးဌာနမွ ဒီဇင္ဘာ (၃၀) ရက္ေန႔ကထုတ္ျပန္ထားသည္။ 

ပလက္၀ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴး ဦးေအာင္ေလာဟာက “ဟုတ္ပါတယ္ ဒီဇင္ဘာလမွ ဇန္နဝါရီ ေဖေဖာ္ဝါရီ မတ္လအထိေပါ့ ေလးလစာ ခြင့္ျပဳထားတယ္၊ ေကာင္းပါတယ္ ဒီမွာကေတာ့ ၀န္ထမ္းေတြက လစာက ႏွစ္ဆမတိုးဘူးဆိုရင္ နယ္ေတြ တာ၀န္ထမ္းေဆာင္ရတဲ့ အထူးသျဖင့္ ေက်ာင္းဆရာမ က်န္းမာေရး၀န္ထမ္းဆရာမတို႔ဆိုရင္ နယ္ေ၀းေတြသြားရတယ္ေလ ဒီကပလက္၀ရဲ႕ လံုျခံဳေရးအေျခအေနအရ သြားေရးလာေရးက သူတို႔အတြက္ အႏၲရာယ္ရွိတဲ့အခါက်ေတာ့ တျခား တိုင္းျခားျပည္ျခားကေနလာတဲ့ တာ၀န္ထမ္းေဆာင္တဲ့သူေတြက်ေတာ့ တစ္ခ်ိဳ႕က်ေတာ့ ထြက္စာတင္တယ္ ေျပာင္းစာတင္တယ္ အဲလိုအေျပာင္းအေရြ႕ေတြ ျပန္ေျပာင္းတဲ့ဆရာဆရာမေတြကအမ်ားႀကီး ေက်ာင္းေတြမွာ ဆရာဆရာမ မရွိတဲ့ေက်ာင္းေတြကအမ်ားႀကီးေလ ဆိုေတာ့ လစာ (၂) ဆ ေပးျခင္းအားျဖင့္ ပလက္၀ကိုေျပာင္းေရႊ႕ခ်င္တဲ့ ပုဂၢိဳလ္ေတြထပ္ၿပီးေတာ့ ျပန္ေပၚလာႏိုင္တယ္ေလ တာ၀န္ထမ္းေဆာင္ခ်င္တဲ့ ပုဂၢိဳလ္ေတြက ဘာပဲျဖစ္ျဖစ္ ႏွစ္ဆေလးနဲ႔လုပ္ၾကည့္ေတာ့ ဒီဘက္လာရတာ၀န္မေလးေတာ့ဘူးေပါ့ကြာ” ဟု ေျပာသည္။ 

ပလက္ဝၿမိဳ႕နယ္သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေၾကာင့္ စစ္ေဘးဒဏ္ခံေနရသည့္ေဒသ ျဖစ္ၿပီး ရခိုင္ျပည္နယ္ေက်ာက္ေတာ္ႏွင့္ဆက္သြယ္သည့္ ေရလမ္းကုန္လမ္းမ်ားလည္း ပိတ္ထားရသည့္အတြက္ စားနပ္ရိကၡာျပတ္လပ္မႈ၊ ကုန္ေစ်းႏႈန္းအဆမတန္ျမင့္တက္မႈရင္ဆိုင္လ်က္ရွိသည္။ 

ကုန္ေစ်းႏႈန္းမ်ားျမင့္တက္ေနသည့္ ပလက္ဝၿမိဳ႕နယ္တြင္ တာ၀န္ထမ္းေဆာင္ေနၾကေသာ ၀န္ထမ္းမ်ားအတြက္ ယခုလို ၀န္ထမ္းလစာတိုးျမင့္ေပးသည့္အေပၚ ၀မ္းသာေၾကာင္း ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသမီးမ်ားအဖြဲ႕မွ ေဒၚေအာင္မျဖဴကေ ျပာသည္။

“သူတို႔လည္း ေ၀းလံေခါင္ဖ်ားတဲ့ေနရာမွာ တာ၀န္ထမ္းေဆာင္ေနရတာဆိုေတာ့ သူတို႔လည္းရသင့္တယ္ အခုေလးလစာေပါ့ေနာ္ေပးတယ္ဆိုရင္လည္း ဒီထက္မကေပးရင္လည္း ေကာင္းပါမယ္ သူတို႔အတြက္ ဒီမွာကုန္ေစ်းႏႈန္းလည္းၾကီးတာဆိုေတာ့ တိုက္ပြဲနယ္ေျမလည္းရွိတယ္ေပါ့ေနာ္ Covid -19 ရွိတယ္ဆိုေတာ့ တကယ္ဒုကၡေတြ႕တာလည္း ကုန္ေစ်းႏႈန္းၾကီးေတာ့ သူတို႔အတြက္လည္းလိုအပ္တာေပါ့ေနာ္” ဟု ေဒၚေအာင္မျဖဴကေျပာသည္။

ယခုလက္ရွိ ပလက္၀ၿမိဳ႕နယ္တြင္ ဆန္တစ္အိတ္ က်ပ္ (၆၀၀၀၀)၊ အည့ံဆံုးဆန္တစ္အိတ္ က်ပ္ (၃၅၀၀၀)၊ ၾကက္သား တစ္ပိသာ ၁၅၀၀၀ က်ပ္ခန္႔ရွိသည္ဟု သိရသည္။ 

ပလက္ဝျမဳိ႕နယ္အတြင္း ၂၀၁၅ ခုႏွစ္မွစျပီး ရကၡဳိင့္တပ္ေတာ္ (AA) ႏွင့္ ျမန္မာ့တပ္ေတာ္မေတာ္တုိ႔ အၾကားတုိက္ပြဲျဖစ္ပြားမႈေၾကာင့္ ပလက္ဝျမဳိ႕နယ္အတြင္း စစ္ေဘးေရွာင္ေနရသူ လူဦးေရ (၁၀၀၀၀) ဝန္းက်င္ရွိၿပီး လမ္းေၾကာင္းမ်ားပိတ္ထားမႈေၾကာင့္ စစ္ေဘးေရွာင္မ်ားအျပင္ ျပည္သူမ်ားအားလံုးနီးပါး အခက္အခဲၾကံဳေနရေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီ၏ အဓိက လမ်းမကြီးများမှာ စစ်ရေးလှုပ်ရှားသည့် ကိုင်ဆီးတပ်ရင်း ၄ နှစ်ပြည့်ပြီ

ဟားခါးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် CDF–Hakha ထံ အလင်းဝင်

MRO/ CDF- မတူပီနှင့် မဟာမိတ်များ မိမိထိန်းချုပ်ဒေသမှာ တပ်စခန်းချခြင်းကို ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီ တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.