• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်လက်ဖမ်းဆီးပြီး ဆယ်အိမ်မှူး ၂ ဦးကို ပြန်လွှတ်ပေး

စစ်ကောင်စီက အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်လက်ဖမ်းဆီးပြီး ဆယ်အိမ်မှူး ၂ ဦးကို ပြန်လွှတ်ပေး

0
By Editor on June 2, 2022 Headline

ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပွားသည့် တိုက်ပွဲနှင့်ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးနှစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် မေလ ၂၉ ရက်နေ့က ဆယ်အိမ်မှူးနှစ်ဦး ပြန်လွတ်လာသော်လည်း အုပ်ချုပ်ရေးမှူးမှာမူ ပြန်မလွတ်လာသေးကြောင်းသိရသည်။

“ဆယ်အိမ်မှုး နှစ်ယောက်တော့ ပြန်လွတ်ပြီ အုပ်ချုပ်ရေးမှုးက ၂၈၉ မှာ ကျန်သေးတယ်။ သူ့ကိုလည်း တစ်ရ က် နှစ်ရက်လောက် သတင်းမေးဖို့ရှိသေးတယ် ဒါပေမယ့် ပြန်လွတ်ပေးမှာပဲလို့ သူတို့ကပြောတယ်။ သူက ကျေးရွာမှာ အုပ်စုတွေရဲ့အုပ်ချုပ်ရေးမှုးဆိုတော့ ဘာဖြစ်ဖြစ်မသိလည်း ခဗျားသိသင့်တယ်လို့ဆိုပြီး သူ့ကိုစုံစမ်းဖို့ခေါ်ေ ဆာင်သွားဖြစ်မယ်” ဟု အဘောင်သားဒေသခံတစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ် အဘောင်သားကျေးရွာနှင့် ရုပ်ဝကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ မေလ ၂၆ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကာ ယင်းကိစ္စနှင့်ပတ်သက်၍ အဘောင်သားကျေးရွာအုပ်စုအုပ်ချုပ်ရေး မှုး ဦးသာထွန်းအောင်၊ ဆယ်အိမ်မှုးနှစ်ဦးဖြစ်သည့် ဦးသာနီအောင်နှင့် ဦးအောင်ထွန်းတို့ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က စုံစမ်းစစ်ဆေးရန်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပြီးနောက်ပိုင်းတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား နှစ်ဖက်သေ ဘာတူညီမှုဖြင့် အပစ်အခတ်ရပ်စဲထားသည့်တနှစ်ကျော်အကြာတွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက်တင်းမာ မှုများမြင့် တက်လာခဲ့ကာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားသည့်အဘောင်သားကျေးရွာသည် ပလက်ဝမြို့မှ ၄ မိုင်ခန့်ကွာဝေးကာ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိပြီး လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များသည် အဘောင်သား ကျေးရွာနှင့် ရွာအနီးအ နားပတ်ဝန်းကျင်တွင် နေရာယူပြီး တပ်စွဲထားကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ယခုလက်ရှိစစ်ရေးအခြေအနေတင်းမာမှုကြောင့် စစ်ကောင်စီက ပုဒ်မ (၁၄၄) ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.