Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီက ၎င်းတို့အဖွဲ့ဝင် ချင်းနိုင်ငံရေးသမား ဒေါက်တာမှုထန်ကို စည်သူဘွဲ့ပေးအပ်

စစ်ကောင်စီက ၎င်းတို့အဖွဲ့ဝင် ချင်းနိုင်ငံရေးသမား ဒေါက်တာမှုထန်ကို စည်သူဘွဲ့ပေးအပ်

0
By Editor on April 17, 2025 Khonumthung

(006SV)

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုပမ်းလုပ်ဆောင်သည်ဟုဆိုကာ စစ်ကောင်စီအဖွဲ့ဝင် ချင်းတိုင်းရင်းသား ဒေါက်တာမှုထန်ကို စည်သူဘွဲ့ ချီးမြင့်ကြောင်း စစ်ကောင်စီက ယနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာ့နှစ်သစ်ကူး နေ့မှာ ထုတ်ပြန်သည်။

ပြည်ထောင်စုစည်သူ သင်္ဂဟဘွဲ့စာရင်းဝင် စည်သူဘွဲ့ကို ဒေါက်တာမှုထန်နှင့်အတူ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သူ ၆ ဦး၊ စစ်ကောင်စီလက်အောက်မှာ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် ဆောင်ရွက်နေသူ ၂ ဦး၊ တပ်ဘက်မှ ၅ ဦးတို့ကို စစ်ကောင်စီက ပေးအပ်ခြင်းဖြစ်သည်။

ဒေါက်တာမှုထန်သည် ချင်းပြည်နယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ၂၀၂၃ ဖေဖော်ဝါရီလမှ ယနေ့အထိ ဆောင်ရွက်နေသူဖြစ်သည်။

မတ်လ ၂၄ ရက်ကလည်း ထန်တလန်မြို့ပေါ်က သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိသော အိမ်နှင့် ခြံ ၁ ခု၊ အိမ်မြေကွက် ၂ ကွက်နှင့် စိုက်ပျိုးရေး ခြံ ၂ ကွက်စသည့် ဒေါက်တာမှုထန် ပိုင်ဆိုင်မှုအားလုံးကို CDF – ထန်တလန်က အပြီးပိုင် သိမ်းဆည်းခဲ့သည်။

ထန်တလန်မြို့နယ်သား ဒေါက်တာ မှုထန်သည် ချင်းတော်လှန်ရေးကို ဆန့်ကျင်ပြီး မတရားအာဏာသိမ်းထားကာ ထန်တလန် မြို့တခုလုံးကို မီးရှို့ဖျက်စီးနေသော စစ်ကောင်စီကို အားပေးသူဖြစ်ကြောင်း ထန်တလန်အခြေစိုက် ချင်းတော်လှန်ရေးအင်အား စုများက ထုတ်ပြန်ထားသည်။

၂၀၂၄ ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း ဟားခါးမြို့ ဆပ်သာလမ်း (Sakta Lam) ရှိ ဒေါက်တာမှုထန် ပိုင်ဆိုင်နေသော နေအိမ်ကို CDF ဟားခါးက ပြည်သူပိုင် သိမ်းဆည်းလိုက်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာလည်း ဒေါက်တာမှုထန် ပါဝင်ခဲ့သည်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့သည် နိုင်ငံတော်အဆင့် ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲများတွင် အမြင့်ဆုံးဘွဲ့များဖြစ်ပြီး စည်သူဘွဲ့သည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ အမျိုးအစား ငါးမျိုးထဲတွင် ပါဝင်ကာ ပဥ္စမတန်းစားဘွဲ့ဖြစ်သည်။

ထန်တလန်မြို့နယ်၊ ကြောင်ထီးယားရွာသားဖြစ်သော မန္တလေး ဆေးတက္ကသိုလ်ကျောင်းဆင်း ဒေါက်တာမှုထန်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ထန်တလန်မဲဆန္ဒနယ်မှ တသီးပုဂ္ဂလအမတ်အဖြစ် ရွေးချယ်ခံ အနိုင်ရခဲ့သည်။

၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်တို့တွင်လည်း ထန်တလန်မြို့နယ် မဲဆန္ဒနယ်မှာ ကြံခိုင်ရေးပါတီ (USDP) မှ ရွေးကောက်ခံ အနိုင်ရရှိခဲ့ပြီး ထင်းရှားသော ချင်းလူမျိုး နိုင်ငံရေးသမား ၊ ဆရာဝန်တဦးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.